
မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အသင်းရဲ့ ဗဟိုနောက်ခံလူတွေဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ မာတီနက်ဇ်တို့ ရှိနေသရွေ့ ပရီးမီးယားလိဂ်ဖလား ရမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
မန်ယူဟာ တယောက်လျော့ စပါးအသင်းကို ၁-၁ ဂိုးစီ ရလဒ်နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အသင်းရဲ့ ခံစစ်ပိုင်းအပေါ် ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။
စပါးအသင်း ချေပဂိုးရရှိခဲ့တဲ့ အနေအထားမှာ မာတီနက်ဇ်ရဲ့ အမှားပါဝင်ခဲ့တာကို စခိုးလ်က ထောက်ပြခဲ့ပါတယ်။
စပါးတိုက်စစ်မှူး ဆိုလန်ကီနဲ့ အားပြိုင်ရာမှာ မာတီနက်ဇ်ဟာ ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်ခံလိုက်ရတာလို့လည်း စခိုးလ်က ဆိုပါတယ်။
စခိုးလ်ကတော့ ဒီနောက်ခံလူ ၂ ယောက်ရဲ့ တွဲဖက်မှုနဲ့ ချန်ပီယံမဖြစ်နိုင်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။











