ကူဝိတ်နိုင်ငံဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ အီရတ်နိုင်ငံ၊ ဘာစ်ရာမြို့အနီးက ခေါ်ရ် အယ်လ် ဇူဘေယာအရပ်က နေအိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဧပြီ ၇ ရက်မှာ အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အပျက်အစီးတွေအောက်မှာ မိသားစုဝင်တချို့ ပိတ်မိနေဆဲဖြစ်လို့ သေဆုံးသူအရေအတွက် ဒီ့ထက် ပိုများလာနိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒီဖြစ်စဉ်ကြောင့် ဒေသခံတွေ ဒေါသထွက်ခဲ့ကြပြီး ဘာစ်ရာမြို့မှာရှိတဲ့ ကူဝိတ် ကောင်စစ်ဝန်ရုံးကို ဆန္ဒပြသူတွေက အတင်းဝင်ရောက်စီးနင်းခဲ့ကြတယ်လို့ ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။
Source: Reuters










