
ကူဝိတ်နိုင်ငံ၊ ဘူဘီယန်ကျွန်းပေါ်မှာ အခြေစိုက်တဲ့ အမေရိကန်တပ်ဖွဲ့တွေကို အီရန်က ပစ်မှတ်ထားခဲ့တယ်လို့ အီရန်ရဲ့ ခါတမ် အယ်လ် အန်ဘီယာ ဗဟိုဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုလ်ဖာကာရီက ဧပြီ ၆ ရက်မှာပြောပါတယ်။
အီဘရာဟင် ဇိုလ်ဖာကာရီက အီရန်ဟာ ကျွန်းပေါ်က ဂြိုဟ်တုပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေကို ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
အဲဒီအခြေစိုက်စခန်းကို အီရန်က အကြိမ်ကြိမ် တိုက်ခိုက်ပြီးတဲ့နောက် အမေရိကန်တပ်ဖွဲ့တွေက အာရစ်ဖ်ဂျန်စခန်းကနေ ဘူဘီယန်စခန်းဆီ ရွှေ့ပြောင်းခဲ့တာလို့ ထပ်ပြောပါတယ်။
ဘူဘီယန်ကျွန်းဟာ ပင်လယ်ကွေ့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ကူဝိတ်ကမ်းရိုးတန်း ကျွန်းစုတွေထဲမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။
အီရန်ရဲ့တိုက်ခိုက်မှုအပြီး ကူဝိတ်မြောက်ပိုင်းက လူနေဧရိယာတခုပေါ်ကို အပျက်အစီးတွေ ကျလာလို့ လူ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကူဝိတ်ကျန်းမာရေးဝန်ကြီးဌာနက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source: Reuters










