မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးအသင်းရဲ့ အသက် ၂၇ နှစ်အရွယ် နယ်သာလန်တိုက်စစ်မှူး ကိုဒီဂတ်ပိုကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
ဂတ်ပိုဟာ စပါးအသင်းရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ခဲ့ပြီး မန်စီးတီးဆီပဲ ပြောင်းရွှေ့ချင်နေတာပါ။ လီဗာပူးအသင်းကတော့ ဂတ်ပိုကို မရောင်းထုတ်ခင် အစားထိုး တိုက်စစ်မှူး ၂ ယောက် ရရှိဖို့ မျှော်လင့်နေပါတယ်။
လီဗာပူးအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာကိုလာကို ခေါ်ယူဖို့ နီးစပ်နေပြီး ဒါက ဂတ်ပိုရဲ့ နေရာအတွက် အစားထိုးမှု ဖြစ်လာနိုင်ပါတယ်။
မန်စီးတီးအသင်းကလည်း စားဗီယိုကို ရောင်းထုတ်ခဲ့ရတာကြောင့် တောင်ပံတိုက်စစ်နေရာအတွက် ဂတ်ပိုကို အဓိက ပစ်မှတ်ထား ကြိုးပမ်းနေတာ ဖြစ်ပါတယ်။











