DVB Logo
Home
မြန်မာသတင်း
MAB ဘဏ်ကို ငွေလာသွင်းသည့် ငွေကျပ်သိန်း ၆၀၀ ကားပေါ်၌ ပျောက်ဆုံး
DVB
·
August 6, 2026
Photo: KT jade
Photo: KT jade
Donate to DVB

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ဂမုန်းပွင့်အနီးမှာ သြဂုတ် ၅ ရက် နေ့လယ် ၁ နာရီက MAB ဘဏ်မှာ ငွေလာအပ်တဲ့ အမျိုးသမီးတယောက် ငွေထုပ်သယ်ဖို့ ဘဏ်ဝန်ထမ်းသွားခေါ်စဥ် ကားထဲမှာ ထားခဲ့တဲ့ ငွေကျပ် သိန်း ၆၀၀ ပျောက်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ နေ့လယ် ၁ နာရီက MAB ဘဏ်ကို ငွေလာအပ်တဲ့ အမျိုးသမီးတယောက်ဟာ ကားတံခါးကို လော့ချပြီး ငွေထုတ်သယ်ဖို့ ဘဏ်ဝန်ထမ်းကို သွားခေါ်စဥ် ကားထဲမှာ ထားခဲ့တဲ့ ကျပ် သိန်း ၆၀၀ ပျောက်သွားတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ပျောက်သွားလို့ ငိုနေတာတွေတော့ စိတ်ထဲမကောင်းပေမဲ့ အခုခေတ်က ဖုန်းတလုံးနဲ့တောင် လူသတ်ပြီး လုနေတာ လူစောင့်မရှိဘဲ ပိုက်ဆံတွေ ဒီအတိုင်းထားပြီး ဘဏ်ဝန်ထမ်း သွားခေါ်တာတော့ ပေါ့ဆတာပေါ့။ ကားလော့ချတာလောက် မပြောနဲ့၊ လက်ဗွေတွေ အာမခံသော့တွေ တောင် မရဘူး ရအောင်ခိုးတာ။”

ပျောက်ဆုံးသွားတဲ့ ငွေကျပ်သိန်း ၆၀၀ အထုပ်ထဲမှာ ကျပ် ၁၀,၀၀၀ တန် သိန်း ၃၀၀၊ ၅,၀၀၀ တန် သိန်း ၂၀၀ နဲ့ ၁,၀၀၀ တန် သိန်း ၁၀၀ ပါရှိကြောင်း ပျောက်ဆုံးသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“လတ်တလောမှာ စခန်းမှာတော့ အမှုဖွင့်ထားတယ်၊ စစ်ဆေးနေဆဲပဲ ခိုးတဲ့သူကို မမိသေးဘူး” လို့ ပြောပါတယ်။

ကမာရွတ်၊ လှည်းတန်းနဲ့ လှိုင်မြို့နယ်တလျှောက်မှာ ကားပစ္စည်းတွေ ဖြုတ်ခိုးနေသူတွေရှိလို့ အိမ်စီးကားတွေ အချိန်ကြာမြင့်စွာရပ်ရင် သတိထားသင့်တယ်လို့ မြို့ခံတယောက်က သတိပေး ပြောပါတယ်။

“ကမာရွတ်နဲ့ လှိုင်ဘက်မှာ ကားကို အချိန်ကြာကြီး မရပ်ရဲဘူး။ ရပ်လိုက်ပြီဆိုတာနဲ့ ကားနောက်ကြည့်မှန် ဖြုတ်ခိုးတယ်၊ လူမရှိဘူးဆိုရင် သော့အပိုပါတယ်၊ သော့ဖွင့်ပြီး ကားထဲက ပစ္စည်းတွေ ယူတယ်၊ ညဘက်ဆို ကားအောက်ပိုင်းအထိ ဖြုတ်ခိုးတာ”လို့ ပြောပါတယ်။

လတ်တလောမှာ အဆိုပါငွေကျပ်သိန်း ၆၀၀ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ကမာရွတ်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013