အာဂျင်တီးနား ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၂၅ သန်းနဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ပြီးနောက် မန်စီးတီးလို အသင်းကြီးမှာ ကစားဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့တာလို့ ပြောဆိုပြီး ချဲလ်ဆီးအသင်းကို ရိလိုက်တယ်လို့ Sky sports က ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ချဲလ်ဆီးမှာ ကလပ်ကမ္ဘာ့ဖလားနဲ့ ကွန်းဖရန့်လိဂ်ဖလားတို့ ရရှိခဲ့ဖူးပေမဲ့ မန်စီးတီးနဲ့အတူ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်နေတာပါ။
မန်စီးတီးဟာ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖို့ လိုအပ်တဲ့ အသင်းကြီးဖြစ်ပြီး အသင်းဆီပြောင်းဖို့ ကမ်းလှမ်းလာချိန်မှာ တစက္ကန့်မျှပင် တွန့်ဆုတ်မနေခဲ့ဘူးလို့ အသင်းဝက်ဘ်ဆိုက်ကနေ ပြောပါတယ်။
သူဟာ မန်စီးတီးမှာ ချဲလ်ဆီးအသင်းရဲ့ နည်းပြဟောင်း အန်ဇိုမာရက်စကာနဲ့ ပြန်လည်လက်တွဲရမှာ ဖြစ်ပါတယ်။











