DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်၌ နစ်မြုပ်ခဲ့သည့် သင်္ဘောပေါ် လိုက်ပါသူ မြန်မာအပါအဝင် ၂၂ ဦး ရှာမတွေ့သေး
DVB
·
August 26, 2026
Photo:  National Union of Seafarers of India 
Photo:  National Union of Seafarers of India 
Donate to DVB

မြန်မာနိုင်ငံသား ၃ ယောက်အပါအဝင် သင်္ဘောသား ၂၄ ယောက်လိုက်ပါတဲ့ ကုန်သင်္ဘောတစင်း သြဂုတ် ၂၂ ရက်က  အိန္ဒိယကမ်းလွန်၊ ဘင်္ဂလားပင်လယ်၊  နစ်မြုပ်ခဲ့တာမှာ ၂ ယောက်ကိုပဲ ကယ်ဆယ်နိုင်သေးတယ်လို့ နိုင်ငံတကာသတင်းတွေနဲ့ သင်္ဘောသားရပ်ဝန်းက သိရပါတယ်။

တရုတ်နိုင်ငံကိုပို့မဲ့ သံထည်ပစ္စည်းတွေကို အိန္ဒိယက​နေတင်ဆောင်လာတဲ့ M.V Ocean Winner သင်္ဘောနစ်မြုပ်ခဲ့တာဖြစ်ပြီး လိုက်ပါတဲ့ သင်္ဘာသား ၂၂ ယောက်ကတော့ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေဆဲလို့ ရေကြောင်းသတင်းတွေ အလေးထား​ရေးသားတဲ့ Splash 247.com မှာဖော်ပြပါတယ်။

အဲဒီသင်္ဘောပေါ်မှာ တရုတ်နိုင်ငံသား အယောက် ၂၀၊ မြန်မာ ၃ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ယောက်လိုက်ပါခဲ့တာပါ။

မြန်မာနိုင်ငံ သင်္ဘောသားသမဂ္ဂအဖွဲ့ဝင်တယောက်က "သတင်းတွေအရတော့ ကုန်တင်ဆောင်နိုင်တဲ့ ပမာဏထက် ပိုတင်လို့ဖြစ်ရတာလို့သိရတယ်။ အားလုံးကယ်ဆယ်နိုင်ဖို့မျှော်လင့်တယ်"လို့ ပြော ပါတယ်။

လက်ရှိမှာ နီးစပ်ရာကမ်းခြေစောင့်သင်္ဘောတွေအပြင် ပင်လယ်ပြင်မှာရှိတဲ့ သင်္ဘောတွေကိုပါ အကူအညီတောင်းပြီး ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေအပူတပြင်း လုပ်နေတယ်လို့​ ရေ​​ကြောင်းသတင်းတွေမှာ ဖော်ပြပါတယ်။

သင်္ဘောသား ၂၄ ယောက်တင်ဆောင်လာပြီး ပနားမားအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစင်း နစ်မြုပ်ပြီးတဲ့နောက် အိန္ဒိယကမ်းခြေစောင့်တပ်နဲ့ ရေတပ်တို့ဟာ သြဂုတ် ၂၃ ရက်မှာ တရုတ်နိုင်ငံသား ၂ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ အကြီးတန်းအရာရှိတယောက်က ပြောပါတယ်။

Ocean Winner သင်္ဘောဟာ သောကြာနေ့မှာ အိန္ဒိယအရှေ့ပိုင်း ဩဒိတ်ရှပြည်နယ်၊ ပါရာဒစ်ပ် ဆိပ်ကမ်းကနေ ထွက်ခွာပြီးတဲ့နောက် တရုတ်နိုင်ငံဆီ ဦးတည်ပြီး သံရိုင်းတွေကို သယ်ဆောင်လာခဲ့တယ်လို့ အိန္ဒိယရေကြောင်း စီမံခန့်ခွဲရေးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကုန်တင်သင်္ဘောဟာ ဆိပ်ကမ်းကနေ ရေမိုင် ၂၄၀ လောက် အကွာမှာ နစ်မြုပ်သွားခဲ့တာလို့ အစိုးရသတင်းရင်းမြစ်တွေက ပြောပေမဲ့ နစ်မြုပ်ရခြရဲ့ အကြောင်းရင်းကို ချက်ချင်းမ သိရသေးပါဘူး။ 

အရှည် ၂၂၅ မီတာနဲ့ အကျယ် ၃၂ ဒသမ ၂၆ မီတာရှိတဲ့ ကုန်တင် သင်္ဘောကို ၁၉၉၈ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013