DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီး ခိုးယူသုံးစွဲမှုဖြင့် သံရည်ကျိုစက်ရုံပိုင်ရှင်ကို အမှုဖွင့်
DVB
·
June 15, 2026
Photo: Zon Tai
Photo: Zon Tai
Donate to DVB

လျှပ်စစ်မီတာခိုးသုံးတာကြောင့် ငွေကျပ် သိန်း ၄၅,၀၀၀ ကျော် ဆုံးရှုံးနစ်နာစေခဲ့တယ်ဆိုပြီး သံရည်ကျိုစက်ရုံတရုံရဲ့ ပိုင်ရှင်ကို အမှုဖွင့်ထားတယ်လို့ စစ်အာဏာရှင်ရဲ့ သတင်းထုတ်ပြန်ရေးက ဇွန် ၁၄ ရက်မှာ ဖော်ပြပါတယ်။

မသင်္ကာဖွယ်တွေ့ရှိရတဲ့ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ် ၅၂/၅၃ မှာရှိတဲ့ ZON TAI STEEL Co., Ltd သံရည်ကျိုစက်ရုံကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဝင်ရောက်စစ်ဆေးတာမှာ ဓာတ်အားခိုးယူဖို့အတွက် မီတာကို မသမာတဲ့နည်းနဲ့ ဖွင့်ထားပြီး ပြုပြင်သုံးစွဲနေတာကို စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အားယူနစ် ၅,၀၆၈,၈၀၀ အတွက်  ငွေကျပ် သိန်း ၄၅,၀၀၀ ကျော် ဆုံးရှုံးနစ်နာစေခဲ့လို့ လျှပ်စစ်မီတာကို ချက်ချင်းပိတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးတာတွေ ပြန်လည်ရရှိရေးနဲ့ လျှပ်စစ်ဓာတ်အားကို မသမာတဲ့နည်းနဲ့ ရယူသုံးစွဲထားတဲ့ လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ မှော်ဘီမြို့မရဲစခန်းမှာ ဇွန် ၁၁ ရက်က အမှုဖွင့်လှစ်အရေးယူခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဘယ်သူ့ကို အမှုဖွင့်တာလဲတော့ ဖော်ပြမထားဘဲ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးရုံးရဲ့ မှတ်တမ်းအရ ၂၀၂၀ ခုနှစ်မှာ စပြီး မှတ်ပုံတင်တဲ့ နိုင်ငံခြားကုမ္ပဏီ မဟုတ်ဘူးလို့ပဲ ဖော်ပြထားပြီး ကုမ္ပဏီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ တရုတ်စာတွေနဲ့ ကြော်ငြာထားတာ တွေ့ရသလို တရုတ်စကားပြန်အလုပ် ခေါ်ထားတာကိုလည်း တွေ့ရပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ Control Center တွေကနေ စောင့်ကြည့်စစ်ဆေးပြီး သံသယဖြစ်ဖွယ် တွေ့ရတာနဲ့ မြေပြင်ကို သွားရောက်စစ်ဆေးတာ၊ တိတိကျကျ သတင်းပေး တိုင်ကြားတာတွေကို ထိထိရောက်ရောက် စစ်ဆေးအရေးယူနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီလို ဓာတ်အားခိုးယူသုံးစွဲတာတွေ ဖော်ထုတ်လာနိုင်တာနဲ့အမျှ လျှပ်စစ်ဓာတ်အား ပိုပြီး ဖြန့်ဖြူးနိုင်မယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013