DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် ၃ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်သူအား ဖမ်းမိ
DVB
·
May 31, 2026
Photo : Ye Min Thar
Photo : Ye Min Thar
Donate to DVB

ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ ၃ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့သူကို မေ ၂၉ ရက်က ဖမ်းမိခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မေ ၂၈ ရက် ညနေ ၆ နာရီခွဲက အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မိခင်နဲ့အတူလိုက်လာတဲ့ အသက် ၃ နှစ် ကလေးငယ်ကို မိခင်ဖြစ်သူ ရေသွားချိုးနေတုန်း အသက် ၃၉ နှစ်အရွယ် ကိုဇော်ဇော်အောင်က  မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“မုဒိမ်းကျင့်တဲ့ကောင်က အဲဒီဆိုက်ထဲမှာ ဆေးသုတ်တာ။ အခင်းဖြစ်တဲ့နေ့က သူ့အမေက ရေသွားချိုးလို့ အနောက်ကလိုက်သွားတဲ့ ကလေးကို သူ့တဲထဲခေါ်ပြီး မုဒိမ်းကျင့်တာ။ အရွယ်ချင်း မမျှတာရယ်၊ လည်ပင်းကို ညှစ်ထားတာကြောင့် ကလေးမလေးက နေရာမှာတင် သေသွားတာ။”

ကလေးငယ် သေဆုံးပြီးနောက် ပြစ်မှုကျူးလွန်သူဟာ အလောင်းကို အထပ်သားပြားတွေ၊ ဘိလပ်မြေအိတ်ခွံတွေနဲ့ ဖုံးဖိထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး မေ ၂၉ ရက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ဇော်ဇော်အောင်(ခ)ပြောင်ကြီးကို အင်းစိန်မြို့မရဲစခန်းမှာ (ပ)၅၀၅/၂၀၂၆၊ ပုဒ်မ-၃၀၂/၃၇၆ နဲ့အမှုဖွင့်ထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း ၂၀၂၁ ခုနှစ်မှာ မုဒိမ်းမှု ၉၆၉ မှု၊ ၂၀၂၂ ခုနှစ်မှာ အမှု ၈၆၀၊ ၂၀၂၃ ခုနှစ်မှာ ၇၀၅ မှု၊ ၂၀၂၄ ခုနှစ်မှာ ၅၆၂ မှုနဲ့ ၂၀၂၅ ခုနှစ်မှာ ၇၄၃ မှု၊ စုစုပေါင်း ၃,၅၆၆ မှုရှိပြီး မုဒိမ်းမှုတွေရဲ့ထက်ဝက်ဟာ သက်ငယ်မုဒိမ်းမှုဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013