
အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်ကို ၁-၀ ဂိုးနဲ ရှုံးနိမ့်ခဲ့ရမှုအတွက် နာကျင် ရကြောင်း အသင်းခေါင်းဆောင် မက်ဆီက လူမှုကွန်ရက်ကနေ သူ့ရဲ့ခံစားချက်ကို ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
နာကျင်မှုက ကြီးမားကြောင်း၊ ဒီဒဏ်ရာက အချိန်ယူမှသာ ပျောက်ကင်းမှာဖြစ်ကြောင်း မက်ဆီက ပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကြောင့် ၂၀၂၂ က ရထားတဲ့ ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ဘဲ လက်လွှတ်ခဲ့ရတာပါ။
အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီအတွက်တော့ ဒါဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဒုတိယ အကြိမ်မြောက် ရှုံးနိမ့်မှု ဖြစ်ပြီဂ သူဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း ဂျာမနီကို ရှုံးခဲ့ဖူးတာပါ။
အာဂျင်တီးအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့တာကိုလည်း မက်ဆီက ထောက်ပြခဲ့သလို စပိန်အသင်းကိုလည်း ချန်ပီယံဆုအတွက် ဂုဏ်ပြုကြောင်း မက်ဆီက ပြောပါတယ်။
Photo:Reuters











