
အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်ပွဲမှာ ပရိသတ်တွေဟာ ဖော့ကလန်ကျွန်း ပိုင်ဆိုင်ကြောင်း စာတန်းတွေကို ကိုင်ဆောင် ပြသခဲ့ကြပါတယ်။
အယ်စတာဒီယို မိုနူမန်တယ် ကွင်းအတွင်း ပရိသတ် ၈ သောင်းခွဲကျော် တက်ရောက်ခဲ့ကြပါတယ်။
ဒီပွဲမှာ ပရိသတ်တွေဟာ မာလ်ဗီးနားစ်လို့ ရေးသားထားတဲ့ စာတန်းကြီးတွေကို ကွင်းအတွင်း ကိုင်ဆောင်ပြီး ပိုင်ဆိုင်ခွင့်ကို ဖော်ထုတ်ခဲ့ကြတာပါ။
မက်ဆီကို နှုတ်ဆက်တဲ့ ဒီပွဲကြီးမှာ အာဂျင်တီးနား ပရိသတ်တွေဟာ စာတန်းအများအပြားကို ပြသခဲ့ကြပါတယ်။
ပရိသတ်တွေဟာ အသင်းခေါင်းဆောင် မက်ဆီကို ဂုဏ်ပြုနှုတ်ဆက်ရင်း ဖော့ကလန်ကျွန်း ပိုင်ဆိုင်ခွင့် အကြောင်းကိုပါ ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကွင်းအပြည့် လာရောက်ကြတဲ့ ပရိသတ်တွေရဲ့ ဒီလုပ်ရပ်ဟာ မက်ဆီရဲ့ နှုတ်ဆက်ပွဲမှာ ထူးခြားတဲ့ အဖြစ်အပျက်တခု ဖြစ်ခဲ့ပါတယ်။











