DVB Logo
Home
ဘောလုံး
စကော့တလန်အသင်း နည်းပြသစ်လက်ထက် ပထမဆုံးနိုင်ပွဲရ
DVB
·
October 4, 2026
Photo: Reuters
Photo: Reuters
Donate to DVB

စကော့တလန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်မှာ မြောက်မက်ဆီဒိုးနီးယားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ နည်းပြသစ် ပိုခိုညိုလီအတွက် ပထမဆုံးနိုင်ပွဲ ဖြစ်လာခဲ့သလို အသင်းခေါင်းဆောင် အန်ဒီရောဘတ်ဆင်အတွက်လည်း စကော့တလန်လက်ရွေးစင်အသင်းမှာ ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

စကော့တလန်အတွက် အနိုင်ဂိုးတွေကို ဘိုဝီနဲ့ ဂျွန်မက်ဂင်းတို့က သွင်းယူပေးခဲ့ကြပါတယ်။ ပွဲမှာ စကော့တလန်အသင်းက အဘက်ဘက်က အသာစီးရခဲ့တာဖြစ်ပါတယ်။

နည်းပြ ပိုခိုညိုလီကတော့ ဒီနိုင်ပွဲကြောင့် ဖိအားတွေ လျော့ကျသွားခဲ့ပြီး လာမဲ့ စလိုဗေးနီးယားနဲ့ပွဲအတွက် ယုံကြည်မှု ရရှိစေကြောင်း ဆိုပါတယ်။ 

စကော့တလန်အသင်းဟာ ခြေစွမ်းပြကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်များစွာလည်း ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲ ၁၀၀ ပြည့်ခဲ့တဲ့ စကော့တလန်အသင်းခေါင်းဆောင် စပါးနောက်ခံလူ၊ လီဗာပူးကစားသမားဟောင်း ရောဘတ်ဆန်ကတော့ ဒီအောင်မြင်မှုဟာ သူ့အတွက်ရော မိသားစုအတွက်ပါ အလွန်အဓိပ္ပာယ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

စကော့တလန် အမျိုးသားအသင်းသမိုင်းမှာ ရောဘတ်ဆန်ထက် ပွဲပိုကစားထားသူဆိုလို့ ဂန္ထဝင်ကစားသမား ကန်နီဒေးဂလစ်ရှ် တယောက်သာရှိတာ ဖြစ်ပါတယ်။

ရောဘတ်ဆန်ဟာ လာမဲ့နိုဝင်ဘာလ ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရရင် ဒေးဂလစ်ရှ်ရဲ့ ၁၀၂ ပွဲ စံချိန်ကို ကျော်လွန်သွားနိုင်မဲ့ အခွင့်အရေး ရှိနေတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013