
အင်္ဂလန်ဘောလုံးအဖွဲချုပ်ဟာ လာမဲ့ဇွန်လမှာ ကျင်းပမဲ့ နေရှင်းလိဂ် နောက်ဆုံးအဆင့်ပွဲစဉ်တွေကို အိမ်ရှင်အဖြစ် တာဝန်ယူဖို့ ယူအီးအက်ဖ်အေထံ စိတ်ဝင်စားကြောင်း အကြောင်းကြားထားပါတယ်။
အင်္ဂလန်အပြင် စပိန်နဲ့ ပြင်သစ်နိုင်ငံတို့ကလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စား နေတာပါ။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ပွဲစဉ်တွေ ကျင်းပဖို့ ကွင်းနေရာတွေကို ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
ဝမ်ဘလေကွင်းမှာ ဇွန်လအတွက် ဆမ်ဖန်ဒါရဲ့ ဖျော်ဖြေပွဲတွေ ရှိနေပေမဲ့ နေရှင်းလိဂ်ပွဲစဉ်တွေနဲ့ မတိုက်ဆိုင်ဖို မျှော်လင့်နေတာပါ။
ဒီပြိုင်ပွဲကို အင်္ဂလန်အိမ်ရှင်အဖြစ် လက်ခံခွင့်ရခဲ့ရင် ၂၀၂၈ ယူရိုပြိုင်ပွဲမတိုင်ခင် အတွေ့အကြုံကောင်း တခု ရရှိလာမှာပါ။ အင်္ဂလန်ဟာ လာမဲ့မတ်လမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဒိန်းမတ် သိုမဟုတ် နော်ဝေအသင်းတို့ထဲက တသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Photo:Reuters











