DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် ဂီတနှင့် ကာယချိန်ပါဝင်သည့်  'တိ' မူကြိုကျောင်းများ ခေတ်စား
DVB
·
June 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

မနက် ၉ နာရီ  ထိုးပြီဆိုတာနဲ့ ရှန်ဟိုင်းမြို့က အလိုလိုက်ခံရဆုံး ခွေးလေးတွေအတွက် အတန်းတွေ စတင်ပါပြီ။

ခွေးလေးတွေအတွက် မူကြိုကျောင်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ ပေါကျုဘ် (Paw³) မှာ ခွေးပေါက်လေးတွေကို တနေကုန် လှုပ်ရှားမှုတွေ လုပ်ဖို့ မနက်အစောပိုင်းမှာ လာပို့ကြပါတယ်။

သူတို့ရဲ့ နေ့စဉ် အစီအစဉ်တွေထဲမှာ အချင်းချင်း မိတ်ဆွေဖွဲ့ချိန်၊ အိမ်လုပ်မုန့်စားချိန်၊ ပြေးစက်ပေါ် ပြေးရတဲ့အချိန်တွေအပြင် စန္ဒရားဆရာက တိုက်ရိုက်တီးခတ်ပေးတဲ့ ဂန္ထဝင်တေးဂီတ နားဆင်ချိန်တွေတောင် ပါဝင်ပါတယ်။

ခွေးပိုင်ရှင်ဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဝီလျံတန်ဟာ အရင်က အိမ်မွေးတိရစ္ဆာန် ဝါသနာပါသူ တယောက် မဟုတ်ပါဘူး။

ဒါပေမဲ့ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က စင်ဒရဲလားလို့ နာမည်ပေးထားတဲ့ ဘော်ဒါကောလီ ခွေးလေးကို စတင်မွေးမြူပြီး နောက်မှာတော့ တန်ရဲ့ သဘောထား ပြောင်းလဲသွားခဲ့ပါတယ်။

အခုဆိုရင် တန်ဟာ စင်ဒရဲလားအတွက် အရည်အသွေးအကောင်းဆုံး အမဲသားနဲ့ အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေကို ဝယ်ကျွေးနေပြီဖြစ်သလို ဒီနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ သူ့ရဲ့ မင်္ဂလာပွဲကိုတောင် ခွေးလေးရဲ့ လေ့ကျင့်ရေးမှူးတွေကို ဖိတ်ကြားခဲ့ပါတယ်။

တန်ဟာ တရုတ်နိုင်ငံရဲ့ consumer business ပုံစံ ပြောင်းလဲလာမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

အထွေထွေဝယ်လိုအား ကျဆင်းနေပေမဲ့လည်း မြို့ပြက လူငယ် သုံးစွဲသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြည့်ဝမှုနဲ့ အတွေ့အကြုံသစ်တွေအတွက် ငွေကြေးပိုမို သုံးစွဲလာကြပါတယ်။

ကလေးမွေးဖွားနှုန်း ကျဆင်းလာပြီး လူနေမှုပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ အိမ်မွေးတိရစ္ဆာန်တွေကို မိသားစုဝင်တွေလို ပိုမို သဘောထားလာကြပါတယ်။

ဒါကြောင့် နေ့ပိုင်းစောင့်ရှောက်ရေး၊ အလှပြင်ပေးတာနဲ့ လေ့ကျင့်သင်ကြားပေးတာ စတဲ့ တန်ဖိုးမြင့် ဝန်ဆောင်မှုလုပ်ငန်းတွေလည်း တိုးတက်လာခဲ့ပါတယ်။

အသက် ၁ နှစ်အရွယ် ဟယ်ရီ အမည်ရတဲ့ ခွေးလေးကို ရုံးဖွင့်ရက်တိုင်း Paw³ ကို ပို့လေ့ရှိတဲ့ ချန်းရီဟာ နေ့ပိုင်းစောင့်ရှောက်မှု၊ အစားအစာ၊ အလှပြင်မှု၊ ရေကူးတာနဲ့ ခွေးပန်းခြံတွေကို သွားရောက်တာတွေအတွက် တလကို ယွမ် ၄,၀၀၀ (အမေရိကန်ဒေါ်လာ ၅၆၀) လောက် သုံးစွဲနေရတယ်လို့ ခန့်မှန်းထားပါတယ်။

စန္ဒရားဆရာမတယောက်ဖြစ်တဲ့ ချန်း ဟာ Paw³ က ခွေးလေးတွေအတွက် နေ့စဉ် ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ ဂီတတီးခတ်ပေးလေ့ ရှိပါတယ်။

ခွေးမူကြိုကျောင်းရဲ့ တည်ထောင်သူနဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ ယန်ကျန်း ကတော့ သူ့ရဲ့ ၆ နှစ်အရွယ် ရွှေရောင် ရီထရီဗာ ခွေးလေးမှာ စိုးရိမ်ပူပန်မှု anxiety ရောဂါလက္ခဏာတွေ ဖြစ်လာပြီးနောက် ဒီလိုဖွင့်ဖို့ စိတ်ကူးရခဲ့တာလို့ ပြောပါတယ်။

သူ လေ့လာကြည့်တဲ့အခါ အမေရိကန်နိုင်ငံမှာ ဒီလိုမျိုး ခွေးနေ့ပိုင်းစောင့်ရှောက်ရေးကျောင်းတွေ ရှိတာကို တွေ့ရှိခဲ့ပြီး အဓိကပြဿနာဟာ အချင်းချင်း မိတ်ဆွေမဖွဲ့နိုင်တာကြောင့်လို့ ယုံကြည်ခဲ့ပါတယ်။

ခွေးလေး ၁၀ ကောင်လောက်နဲ့ စတင်ခဲ့ရာကနေ အခုဆိုရင် အကောင်ရေ ၂၀၀ လောက်အထိ တိုးလာခဲ့ပါပြီ။

ခွေးပိုင်ရှင်တွေဟာ ခွေးအရွယ်အစားအပေါ် မူတည်ပြီး တရက်ကို ၉၈ ယွမ်ကနေ ၁၃၈ ယွမ်အထိ ပေးရပါတယ်။ ကျန်း အနေနဲ့ အခုအခါမှာ ဒုတိယမြောက် ကျောင်းခွဲ ဖွင့်ဖို့လည်း စီစဉ်နေပါတယ်။

တရုတ်နိုင်ငံအခြေစိုက် အိမ်မွေးတိရစ္ဆာန်လုပ်ငန်း သုတေသနကုမ္ပဏီ Pet Data ရဲ့ ခန့်မှန်းချက်အရ တရုတ်နိုင်ငံက မြို့ပြ အိမ်မွေးတိရစ္ဆာန် စားသုံးမှု စျေးကွက်အရွယ်အစားဟာ ၂၀၂၅ ခုနှစ်မှာ ယွမ် ၃၁၂ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၁၅ ဘီလီယံ) အထိ ရှိလာခဲ့ပြီး ၂၀၂၈ ခုနှစ်မှာတော့ ယွမ် ၄၀၅ ဘီလီယံထက် ကျော်လွန်လာမယ်လို့ မျှော်လင့်ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013