DVB Logo
Home
မြန်မာသတင်း
အထည်ချုပ်စက်ရုံဝန်ထမ်း ၂ ဦအား တရုတ်သို့ရောင်းစားသည့် အမျိုးသမီးကို ထောင်ဒဏ် ၁၅ နှစ် အမိန့်ချ
DVB
·
March 21, 2026
Photo : Justice For People
Photo : Justice For People
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာဒုံမြိုနယ် ဇေကမ္ဘာစက်မှုဇုန်ထဲက အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီးငယ် ၂ ယောက်အား တရုတ်နိုင်ငံကို ရောင်းစားတဲ့ အမျိုးသမီးတယောက်အား မတ် ၁၈ ရက်မှာ သင်္ဃန်းကျွန်းခရိုင်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မတ် ၁၈ ရက် နေ့လယ်က ပြစ်မှုကျူးလွန်သူ ဒေါ်နှင်းဝေဖြိုးကို သင်္ဃန်းကျွန်းခရိုင်တရားရုံးက လူကုန်တားပုဒ်မ ၃၅ အရ အလုပ် နဲ့ ထောင်ဒဏ် ၁၅ နှစ်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ကောင်မလေးနှစ်ယောက်က မကွေးဘက်ကနေ အလုပ်လာလုပ်တာ စက်ရုံမှာ နေ့စားခ ၅,၀၀၀ ပဲ ရလို့ အဲစက်ရုံကနေ အလုပ်ထွက်ပြီ အလုပ်လိုက်ရှာနေတဲ့အချိန် လူကုန်ကူးတဲ့ အမျိုးသမီးနဲ့တွေ့ပြီး အဲ့အမျိုးသမီးက တရုတ်လူမျိုးနဲ့လက်ထပ်ရင် သိန်း ၈၀ ရမယ်ဆိုမယ်လို့ စည်းရုံးသိမ်းသွင်းပြီး တရုတ်နိုင်ငံကို ရောင်းစားဖို့လုပ်တာ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ် ၁၅ နှစ် ချလိုက်တာ။” 

အမှုဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၀ ရက်ကဖြစ်ပြီး မြောက်ဒဂုံမြိုနယ်ကနေ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာစက်မှုဇုန်ရှိ အထည်ချုပ်ရုံစက်ရုံတရုံမှာ အလုပ်ဆင်းနေတဲ့ အမျိုးသမီးငယ် ၂ ယောက် တရုတ်နိုင်ငံကို ရောင်းစားခံရတာလို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“တရုတ်နိုင်ငံကိုပို့ဖို့ ပတ်စပိုစ်လုပ်တာ မရလို့ မြစ်ကြီးနားကတဆင့် ပို့ဖို့လုပ်တဲ့အချိန် အောင်မင်္ဂလာအဝေးပြေးဝင်းမှာ ရဲတွေက စစ်ဆေးရင်း လူကုန်ကူးမှန်သိတာ ကောင်မလေးနှစ်ယောက် ကံကောင်းသွားတာ။” 

လူကုန်ကူးသူ ဒေါ်နှင်းဝေဖြိုးကို အမှတ် ၆ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (ပ)၆၅/၂၀၂၅၊ ပုဒ်မ ၃၅/၄၄ နဲ့ တရားစွဲဆိုခဲ့ပြီး မတ် ၁၈ ရက်မှာ သင်္ဃန်းကျွန်းခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်ကလည်း ဇနီးမယားအဖြစ် ပေါင်းသင်းမည်ဆိုပြီး လိင်အမြတ်ထုတ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan နဲ့ချိတ်ဆက်ပေးသူ မကျော့ကေခိုင် နဲ့ နိုဇင်မိုးတိုကို ကမာရွတ်ခရိုင်တရားရုံးက လူကုန်တားပုဒ်မ ၃၅ အရ ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချခဲ့ပါတယ်။ 

Photo : Justice For People

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013