DVB Logo
Home
နိုင်ငံတကာ
လန်ဒန်မြို့က သက္ကလပ်ထည်ဝတ် ရှေးဟောင်းစက်ဘီးစီးပွဲ လူ ၁,၀၀၀ နီးပါးဆင်နွှဲ
DVB
·
April 20, 2026
Photo: REUTERS/Hannah McKay
Photo: REUTERS/Hannah McKay
Donate to DVB

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဧပြီ ၁၈ ရက်က ‘Tweed Run 2026’ စက်ဘီးစီးပွဲကို ကျင်းပခဲ့ပြီး စက်ဘီးစီးသမား ၁,၀၀၀ နီးပါးလောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ပါဝင်သူတွေဟာ ဗြိတိန်နဲ့ အိုင်ယာလန်တို့မှာ ရိုးရာအဖြစ် ဝတ်ဆင်လေ့ရှိတဲ့ သက္ကလတ်အထည်တွေကို ဝတ်ဆင်ခဲ့ကြတာပါ။

တချို့ကလည်း ၁၉ ရာစုနှောင်းပိုင်းက ခေတ်စားခဲ့တဲ့ ရှေးဟောင်း Penny Farthing စက်ဘီးတွေကို စီးနင်းခဲ့ကြပါတယ်။

အရွယ်အစား မတူညီတဲ့ ဗြိတိန်အကြွေစေ့ ၂ စေ့ကို အစွဲပြု ခေါ်ဝေါ်ထားတဲ့ ဒီစက်ဘီးတွေဟာ ရှေ့ဘီးအကြီးကြီးနဲ့ နောက်ဘီးအသေးလေး တပ်ဆင်ထားတာ ဖြစ်ပါတယ်။

သက္ကလတ်ထည်တွေ ဝတ်ဆင်တာနဲ့ ဒီရှေးဟောင်းစက်ဘီး စီးနင်းတာတွေဟာ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်း ကာလတွေမှာ တပြိုင်တည်း ခေတ်စားခဲ့တာပါ။

သူတို့ဟာ လန်ဒန်မြို့လယ် လမ်းမတွေပေါ်က ကားတွေကျပ်နေတဲ့ ကြားကနေ ၁၅ မိုင်ခန့် အကွာအဝေးအထိ စက်ဘီးစီးနင်းခဲ့ကြပါတယ်။

ဒီစက်ဘီးစီးပွဲဟာ တနှစ်ထက်တနှစ် ပိုပြီး လူကြိုက်များလာတယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။ အခုနှစ်မှာတော့ စက်ဘီးစီးသမား ၉၀၀ ကျော်အထိ ပါဝင်လာတာကို တွေ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013