
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေ ဈေးရောင်းပွဲတရပ်ကို ဇွန် ၂၀ ရက်က လန်ဒန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။
ဒီပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ ဒုတိယဝန်ကြီး ဦးလဖိုင်မော်ထွန်းအောင်၊ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်အောင် နဲ့ ဒေါက်တာသက်ကိုကို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်း၊ ယူကေအစိုးရ ဝန်ကြီးဟောင်း ပေါလ် စကာလီနဲ့ ယူကေရောက် တော်လှန်ရေး မိသားစုတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီပွဲကို တက်ရောက်လာသူတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်းနဲ့ မတရားဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြပြီး တော်လှန်ရေးအတွက်ဆက်လက် ဆောင်ရွက်သွားကြဖို့ ကတိပြုပြောသွားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဂုဏ်ပြုသီချင်းဖြစ်တဲ့ “၈၁ တိုးလို့ချစ်” သီချင်းကိုလည်း စုပေါင်းသီဆိုခဲ့ကြပါတယ်။










