ပါကစ္စတန်၊ ကရာချိမြို့က အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာ

ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချီမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံတလုံး ပြိုကျမှုမှာ သေဆုံးသူ အရေအတွက် ၁၁ ယောက်အထိ မြင့်တက်လာတယ်လို့ ကယ်ဆယ်ရေး တာဝန်ရှိသူက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
၆ ထပ် အဆောက်အအုံဟာ နိုဝင်ဘာ ၂၅ ရက်က ပြိုကျခဲ့တာပါ။ စနေနေ့မှာ စက်ယန္တရားကြီး တွေကိုသုံးပြီး အပျက်အစီးတွေကို ရှင်းလင်းခဲ့သလို ကယ်ဆယ်ရေး လုပ်သားတွေကလည်း ရှင်သန်ကျန်ရစ်သူတွေကို ဆက်ရှာနေပါတယ်။
ကယ်ဆယ်ရေးအရာရှိ ရစ်ဇ်ဝမ်အာမဒ်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေချိန်မှာ လူ ၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းရထားတယ်လို့ ပြောပါတယ်။
လူဦးရေ သန်း ၂၀ ကျော် နေထိုင်ရာ ကရာချီမြို့ကြီးဟာ အခြေခံအဆောက်အအုံတွေ ယိုယွင်းပျက်စီးလာတာ၊ လူဦးရေ အလွန်အမင်း ထူထပ်များပြားတာနဲ့ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာကျင့်သုံးမှု အားနည်းတာ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့နှစ်က ကရာချိမြို့၊ လီယာရီခရိုင်အထဲမှာ ၅ ထပ်တိုက် အဆောက်အအုံတလုံး ပြိုကျခဲ့လို့ လူ ၂၇ ယောက် သေဆုံးခဲ့ဖူးပါတယ်။
Source: Reuters











