ကရာချိ အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၂ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့၊ အက်ဒမင်ဆိုဆိုက်တီးရပ်ကွက်မှာ ဆောက်လုပ်ဆဲ အဆောက်အအုံတခု ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးတာဝန်ရှိသူ တယောက်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
၆ ထပ်အမြင့်ရှိတဲ့ အဲဒီအဆောက်အအုံဟာ နိုဝင်ဘာ ၂၅ ရက်မှာ ပြိုကျခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။
ပရဟိတအဖွဲ့အစည်းတခုက လုပ်ကိုင်နေတဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ဆောင်မှု 'Rescue 1020' ရဲ့ တာဝန်ခံအရာရှိ မိုဟာမက် ရှာဟစ်ကတော့ ဒဏ်ရာရသူတွေကို ဂျင်းနားဆေးရုံကို ပို့ဆောင်ထားပြီးဖြစ်သလို သူတို့ရဲ့မိသားစုဝင်တွေ အဆောက်အအုံအထဲမှာ ပိတ်မိနေဆဲဖြစ်ကြောင်း ပြောဆိုနေကြတဲ့ မိသားစု ၁၇ စုလည်း အခင်းဖြစ်ပွားရာနေရာမှာ ရောက်ရှိနေတယ်လို့ ပြောပါတယ်။
Source: Reuters











