အဲဗာတန်တောင်ပံကစားသမား ဂျက်ဂရီးလစ်ဟာ လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့တာကြောင့် အသင်းရဲ့ စည်းကမ်းချိုးဖောက်မှုနဲ့ အရေးယူခံလိုက်ရပါတယ်။
နည်းပြ ဒေးဗစ်မိုယက်စ်ဟာ အသက် ၃၁ နှစ်အရွယ် ကစားသမားကို နယူးကာဆယ်နဲ့ ကစားမဲ့ ကာရာဘောင်ဖလားပွဲစဉ် လူစာရင်းကနေ ချန်လှပ်ထားတာ ဖြစ်ပါတယ်။
ဂျက်ဂရီးလစ်ဟာ အာဆင်နယ်နဲ့ပွဲစဉ်ကိုလည်း ဖျားနာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွဲချော်ခဲ့ဖူးပါတယ်။
အခုတခေါက်မှာတော့ အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုကြောင့် ပွဲစဉ်ကနေ အထုတ်ခံလိုက်ရတာပါ။
အဲဗာတန်အသင်းဘက်ကတော့ ကစားသမားရဲ့ စည်းကမ်းဖောက်ဖျက်မှုအတွက် ဒဏ်ငွေရိုက်ကာ အရေးယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။











