DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် ဘကစာသင်ကျောင်းကို စစ်တပ်က ပစ်ခတ်၊ မူလတန်းကျောင်းသား ၁ ဦး သေဆုံး
DVB
·
September 25, 2026
Photo: Google Map
Photo: Google Map
Donate to DVB

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်အာဏာရှင်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးထိပြီး အသက် ၇ နှစ်အရွယ် မူလတန်းကျောင်းသားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၃ ရက် နေ့လယ် ၃ နာရီကျော်လောက်မှာ မြင်းခြံမြို့အခြေစိုက် ခမရ-၁၅ တပ်ရင်းက ဒါးကျွန်းရွာမှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

ဒေသခံတယောက်က “လက်နက်ကြီးကျည်က ကျောင်းဝင်းထဲကို ကျတာပါ။ ကလေးတယောက်က တခါတည်း ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ်ကလေးတွေလည်း ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် နောက်ထပ် ၇ တန်းကျောင်းသူတယောက်နဲ့ ၂ တန်းကျောင်းသား တယောက်လည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်တပ်ကပစ်တဲ့ လက်နက်ကြီးက ဘကကျောင်းထဲကို လက်နက်ကြီးကျတာ။ လက်နက်ကြီး ၂ လုံးကျတာလို့ သိရတယ်။ ကျောင်းဆင်းတဲ့အချိန်ကျတာ” လို့ ပြောပါတယ်။

အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ဒါးကျွန်းကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ကလေးငယ်၊ ကျောင်းသား၊ ကျောင်းသူ အယောက် ၇၀၀ ကျော် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ပထမအပတ်က စတင်ပြီး စစ်အာဏာရှင်တပ်က မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချတာတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးနေပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013