ဒိန်းမတ်နိုင်ငံရဲ့ ကျောင်းသားထောက်ပံ့ကြေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုဝင်ဘာ ၄ ရက်မှာ ကျောင်းသားတွေနဲ့ ထောက်ခံသူ ထောင်ပေါင်းများစွာဟာ ကိုပင်ဟေဂင်မြို့လယ်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဝန်ကြီးချုပ် မက်တီဖရက်ဒရစ်ဆန် ဦးဆောင်တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီ ပါဝင်တဲ့ အစိုးရအဖွဲ့က မိသားစုဝင်ငွေ သတ်မှတ်ပမာဏထက် ကျော်လွန်နေပြီး မိဘနေအိမ်မှာ နေထိုင်သူတချို့အတွက် ကျောင်းသားထောက်ပံ့ကြေးကို လျှော့ချဖို့ အဆိုပြုထားပါတယ်။
ဆန္ဒပြသူတွေက မြို့တော်ခန်းမကနေ လွှတ်တော်အဆောက်အအုံဆီ ချီတက်သွားကြပြီး အဲဒီနေရာမှာ စုဝေး ဆန္ဒပြခဲ့ကြတာပါ။
သူတို့က ဒိန်းမတ်နိုင်ငံရဲ့ နိုင်ငံတော် ကျောင်းသားထောက်ပံ့ကြေးအစီအစဉ် (SU) ကို ရည်ညွှန်းရင်း “SU ကို ကာကွယ်ကြ”၊ “SU ကို လာမနှောင့်ယှက်ကြနဲ့” စတဲ့ စာသားတွေပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။ အဆိုပြုချက်အပေါ် အပြီးသတ် မဲခွဲဆုံးဖြတ်မှုကို ဒီဇင်ဘာလမှာ လုပ်မှာဖြစ်ပါတယ်။
Source: Reuters











