DVB Logo
Home
နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်သားများ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြ

DVB
·
November 26, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်လုပ်သားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာကို ၃၆ ရာခိုင်နှုန်း တိုးဖို့ နိုဝင်ဘာ ၂၅ ရက်မှာ အတည်ပြုပါတယ်။

ဒီတိုးမြှင့်မှုပမာဏဟာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း အနည်းဆုံးပမာဏပါ။ လုပ်ခလစာကို ၂ ဆတိုးပေးဖို့ လုပ်သားတွေက သီတင်းပတ်များစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ခုတော့ နည်းနည်းသာ တိုးပေးလို့ ဒါကာမြို့တော် အနီးတဝိုက်မှာ ရဲတပ်ဖွဲ့နဲ့ အလုပ်သမားတွေကြား ထိပ်တိုက်တွေ့ဆုံမှု အသစ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ဒါကာမြို့တော်နားက အထည်ချုပ်လုပ်ငန်း အချက်အချာကျရာ ဂါဇီပူရ်မြို့မှာ အလုပ်သမားတွေက အဓိကလမ်းမကြီးတခုကို ပိတ်ဆို့ခဲ့ကြပါတယ်။

ဒါ့ကြောင့် ရဲတပ်ဖွဲ့က သူတို့ကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေနဲ့ အသံဗုံးတွေကို သုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အလုပ်သမား ၄ သန်းကျော် လုပ်ကိုင်နေတဲ့ ဒီကဏ္ဍမှာ သီတင်းပတ်ချီ ဆန္ဒပြပွဲတွေကြောင့် စက်ရုံတွေ ပိတ်သိမ်းရခြင်း၊ လမ်းမကြီးတွေ ပိတ်ဆို့ခံရခြင်း၊ ပစ္စည်းဥစ္စာတွေ ဖျက်ဆီးခံရခြင်းနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ ရပ်တန့်သွားခြင်းတို့ ပေါ်ပေါက်ခဲ့ပါတယ်။

လူ ၆ ယောက်ပါတဲ့ ကော်မတီတရပ်က လစဉ် လုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၃၈ ဒေါ်လာလောက်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။

အလုပ်သမားတွေက အစပိုင်းမှာ အနိမ့်ဆုံးလုပ်ခလစာ တာကာငွေ ၃၂,၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၇ ဒေါ်လာ) ရဖို့ တောင်းဆိုခဲ့ကြပေမဲ့ ညှိနှိုင်းချိန်မှာတော့ တောင်းဆိုချက်ကို တာကာငွေ ၁၈,၀၀၀ အထိ လျှော့ချခဲ့ပါတယ်။

စက်ရုံပိုင်ရှင်တွေဘက်ကတော့ အစပိုင်းမှာ တာကာငွေ ၁၅,၀၀၀ ပေးဖို့ ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်းမှာ ၁၇,၀၀၀ အထိ တိုးမြှင့်ကမ်းလှမ်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013