စစ်တပ်အတွင်း ခွဲခြားဆက်ဆံခံခဲ့ရသည့် LGBTQ စစ်မှုထမ်းဟောင်းများကို ဩစတြေးလျ တောင်းပန်

ဆယ်စုနှစ်များစွာကြာအောင် ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လက်ရှိနဲ့ အရင်က LGBTQ စစ်မှုထမ်းတွေကို ဩစတြေးလျအစိုးရက နိုဝင်ဘာ ၂၅ ရက်မှာ တရားဝင် တောင်းပန်စကား ပြောခဲ့ပါတယ်။
"ဒီနိုင်ငံက ခင်ဗျားတို့အပေါ် သစ္စာမစောင့်သိခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ တောင်းပန်ပါတယ်" လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မာလက်စ်က လွှတ်တော်မှာပြောတဲ့ မိန့်ခွန်းအတွင်း စစ်မှုထမ်းတွေကို ရည်ရွယ်ပြောဆိုခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံဟာ ၁၉၉၂ ခုနှစ်မှာ ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့အတွင်း လိင်တူစုံမက်သူ တွေနဲ့ လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူတွေ စစ်မှုထမ်းခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။
အဲဒီအချိန်မတိုင်မီအထိ နှစ်ဦးသဘောတူ လိင်တူဆက်ဆံမှုတွေဟာ စစ်ဘက်ဆိုင်ရာဥပဒေအရ အရေးယူခံရနိုင်ခြေရှိခဲ့ပြီး၊ လိင်ခွဲစိတ်ပြောင်းလဲထားသူတွေအပေါ် ပိတ်ပင်ထားမှုကိုတော့ ၂၀၁၀ ခုနှစ်အထိ ဆက်ထားခဲ့ပါတယ်။
၁၉၉၂ ခုနှစ် မှာ လိင်တူစုံမက်သူတွေနဲ့ လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူတွေအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းခဲ့ပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ယဉ်ကျေးမှုနဲ့ သဘောထားအမြင်တွေ ပြောင်းလဲ တိုးတက် လာဖို့ အချိန်အတော် ကြာခဲ့တယ်လို့ မာလက်စ်က ဖြည့်စွက်ပြောခဲ့ပါတယ်။
စက်တင်ဘာလတုန်းက လွှတ်တော်မှာ အရင်က လိင်တူဆက်ဆံမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မှတ်တမ်းတွေကို စစ်မှုထမ်းမှတ်တမ်းတွေကနေ ပယ်ဖျက်ပေးမဲ့ ဥပဒေတရပ်ကို အတည်ပြု ပြဋ္ဌာန်း ခဲ့ပါတယ်။
Source:Reuters











