DVB Logo
Home
မြန်မာသတင်း
ပတ္တယားတွင် ဥပဒေနှင့် မညီညွတ်သည့် နိုင်ငံခြားသား ၁၄၆ ဦး အဖမ်းခံရ၊ မြန်မာ ၆၃ ဦး ပါဝင်
DVB
·
March 25, 2026
Photo: TMN Cable TV Pattaya
Photo: TMN Cable TV Pattaya
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေတလျှောက်မှာ တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းထောက်လှမ်း အရေးယူနေတာမှာ တပတ်အတွင်း ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား ၁၄၆ ယောက် ဖမ်းဆီးရမိတယ်လို့ ချန်နယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်နေသူတွေ၊ ထိုင်းနိုင်ငံသားတွေအတွက်သာ ကန့်သတ်ထားတဲ့ အလုပ်အကိုင်မှာ ဝင်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးတယ်၊ နယ်မြေထဲက Grab, Bolt နဲ့ LINE MAN စတဲ့ အငှားယာဉ်၊ ဆိုင်ကယ်နဲ့ အစားအစာ ပို့နေသူတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ချွန်းပူးရီးခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ရဲမှူးကြီး ဆုန်းပလို ဆီရီဆုခ်က မတ် ၂၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မတ် ၁၆ မှ ၂၂ ရက်ထိ ၇ ရက်တာကာလအတွင်း ဘန်လမွန်းမြို့၊ နောင်ပရီရပ်ကွက်၊ ပတ္တယားဆောင်လမ်းနဲ့ ပတ္တယားကမ်းခြေ‌‌တဝိုက်ကို ဝင်ရောက်စစ်ဆေးတာမှာ ဥပ‌ဒေနဲ့ မညီညွတ်သူပေါင်း ၁၄၆ ယောက် ဖမ်းဆီးရမိတယ်၊ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၆၃ ယောက်၊ ကမ္ဘောဒီးယား ၁၄ ယောက်၊ လာအို ၄၂ ယောက်၊ တရုတ် ၁၄ ယောက်၊ ဗီယက်နမ် ၈ ယောက်နဲ့ တခြားနိုင်ငံသား ၅ ယောက်တို့ ပါဝင်တယ်။

အများစုက ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်သူ ၉၆ ယောက်၊ တားမြစ်ထားတဲ့ လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်သူက ၄၉ ယောက် ပါဝင်တယ်၊ အလုပ်အကိုင်တွေမှာ ဈေးလည်ပတ်ရောင်းချသူ ၃၉ ယောက်၊ ဆံပင်ညှပ်သူ တယောက်၊ စာရေးလုပ်သူ တယောက် ဖြစ်ပြီး ဆိုင်ရှေ့ဈေး‌ရောင်းသူ ၄၄ ယောက်၊ အလုပ်ကြမ်းသမား ၃၆ ယောက်၊  စားသောက်ဆိုင်မှာ ၆ ယောက်နဲ့ တခြားအလုပ်အကိုင်မှာ ၂၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံသားတယောက်ဆိုရင် ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်နေတဲ့အပြင် နေထိုင်ခွင့် ဗီဇာသက်တမ်း ၂,၀၆၁ ရက်ထိ ကုန်ဆုံးနေတယ်၊ ဖေဖော်ဝါရီလကစ ဒီနေ့ထိ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားပေါင်း ၂၅၀ ရဲ့ ဗီဇာတွေ ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ လဝကရဲမှူးကြီးက ပြောပါတယ်။

ဆက်လက်ပြီး ထိုင်းနိုင်ငံသားတွေရဲ့ မှတ်ပုံတင် ID တွေကို အသုံးချပြီး အမည်ခံလုပ်ငန်း လုပ်ကိုင်တာတွေ စုံစမ်းစစ်ဆေးသွားမယ်၊ ထိုင်းနိုင်ငံသားတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်အကိုင်ကို ဥပဒေနဲ့ ပြဋ္ဌာန်းသွားဖို့ရှိတယ်၊ နိုင်ငံခြားနဲ့ ရွှေ့ပြောင်းလုပ်သားတွေကြား ဥပဒေအသိပညာပေးလုပ်ငန်း ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပြီး ဥပ‌ဒေချိုးဖောက်က ထိရောက်စွာ အရေးယူမဲ့အပြင် ပြည်နှင်ဒဏ်ပေးတာ၊ အမည်ပျက်စာရင်းသွင်းတာတွေ လုပ်ဆောင်မယ်လို့  ရဲမှူးကြီးက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Source: Ch3 Plus News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013