
သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ ဇွန် ၂၅ ရက်က မဲလ်ဘုန်းမြို့ထဲကို မူးယစ်ဆေးဝါး ဘိန်းဖြူ ၁ ကီလိုဂရမ်ကျော် မှောင်ခိုတင်သွင်းခဲ့တဲ့ ထိုင်းအမျိုးသားလေကြောင်းလိုင်းဝန်ထမ်း လေယာဉ်မယ် တယောက်ကို ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုထားတယ်လို့ ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
သြစတြေးလျ နယ်စပ်စောင့်တပ်ဖွဲ့ (ABF) အရာရှိတွေက အဲဒီအမျိုးသမီးရဲ့ ပခုံးလွယ် အဝကျယ် အိတ် ၁၂ လုံး အပါအဝင် ခရီးဆောင်အိတ်ကို X-ray ဓာတ်မှန်ရိုက်ပြီး စစ်ဆေးတဲ့အခါမှာ ပုံမှန်မဟုတ်တဲ့ ထူးခြားမှုတွေကို သတိပြုမိခဲ့ပြီးနောက် အိတ်တွေရဲ့ အတွင်းသား လိုင်နင်အလွှာထဲမှာ ဝှက်သယ်လာတဲ့ ဘိန်းဖြူတွေကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းမိရရှိထားတဲ့ ဘိန်းဖြူတွေဟာ ကာလပေါက်ဈေးအရ သြစတြေးလျဒေါ်လာ ၅ သိန်း (အမေရိကန်ဒေါ်လာ ၃၄၀,၀၀၀ ကျော်) ဖိုးလောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
အသက် ၂၆ နှစ်အရွယ် အမျိုးသမီးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့ မဲလ်ဘုန်းတရားရုံးမှာ ရုံးထုတ်ခံရဖွယ် ရှိပါတယ်။
Source: Reuters











