
အီရန်စစ်ပွဲအတွက် အမေရိကန် အသုံးပြုနေတဲ့ငွေဟာ လူပေါင်း ၈၇ သန်းကို ကူညီနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အမေရိကန်ဟာ အီရန်စစ်ပွဲအတွက် ဒေါလာ ၂၅ ဘီလီယံ သုံးစွဲထားပြီး ဒီပမာဏက ကုလသမဂ္ဂရဲ့ ၂၀၂၆ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု အစီအစဉ်အတွက် လိုအပ်တဲ့ ဘတ်ဂျက်ပမာဏနဲ့ တူညီနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးအကြီးအကဲ တွမ်ဖလက်ချာက ပြောပါတယ်။
ကုလသမဂ္ဂဟာ ၂၀၂၆ ခုနှစ်အကုန်မှာ လူသားချင်းစာနာမှုနဲ့ ပတ်သက်ပြီး ရန်ပုံငွေကို ဒေါ်လာ ၂၃ ဘီလီယံအထိ မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ သတ်မှတ်ရန်ပုံငွေရဲ့ ၂၈ ရာခိုင်နှုန်းသာ ရရှိထားပါတယ်။
အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အီရန်စစ်ပွဲမှာ အမေရိကန်ရဲ့ အသုံးစရိတ်ဟာ ဒေါ်လာ ၂၅ ဘီလီယံထက်တောင် ကျော်နိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်စစ်တပ် ပြင်ဆင်မှုတွေနဲ့ ပျက်စီးမှုတွေကို ပြန်အစားထိုးတာတွေကြောင့် တကယ်တန်း ကုန်ကျစရိတ်က ဒေါ်လာ ဘီလီယံ ၄၀ ကနေ ၅၀ အထိ ရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အီရန်စစ်ပွဲအသုံးစရိတ်နဲ့ပတ်သက်ပြီး ပင်တဂွန်က လိမ်ညာနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက မေ ၁ ရက်မှာ ပြောခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက အမေရိကန်ကို ဒေါ်လာ ၁၀၀ ဘီလီယံ ကုန်ကျစေပြီး ၄ ဆကျော် သုံးစွဲခဲ့တယ်လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားထားပါတယ်။
စစ်အသုံးစရိတ်ဟာ အခွန်ဆောင်အမေရိကန်နိုင်ငံသား ၁ ဦးစီအတွက်လည်း အိမ်သုံးစရိတ်တွေ တိုးမြင့်စေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဖော်ပြထားပါတယ်။
ဒါ့အပြင် သူက “အမေရိကန်အရေးက နောက်မှဖြစ်ပြီး အစ္စရေးက အမြဲတမ်းပထမ ဖြစ်တယ်” လို့ ရေးသားထားပါတယ်။
Source: Reuters










