DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပေါ်ဆန်း ကမ္ဘာ့အကောင်းဆုံးဆန်ဆု ဒုတိယအကြိမ် ရရှိ
DVB
·
October 9, 2026
Photo: MRF
Photo: MRF
Donate to DVB

မြန်မာ့ပေါ်ဆန်းဆန်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ဆန်စပါးညီလာခံမှာ ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World Best Rice Award 2026) ကို ဒုတိယအကြိမ် ဆွတ်ခူး ရရှိခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်ကနေ ၁၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ International World Rice Conference 2026 မှာ ဆန်အရည်အသွေး ယှဉ်ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာ့ပေါ်ဆန်းဆန်က အခုဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ပေါ်ဆန်းဆန်ဟာ ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ဆန်စပါးညီလာခံမှာလည်း ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိခဲ့ဖူးတာကြောင့် အခုတကြိမ်ဟာ ၁၅ နှစ်အကြာမှာ ဒုတိယအကြိမ် ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီညီလာခံကို စစ်အာဏာရှင်လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့၊ ဆန်ပို့ကုန်ကုမ္ပဏီတွေ အပါအဝင် ကိုယ်စားလှယ် ၅၅ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီညီလာခံအတွင်း ဖိလစ်ပိုင်၊ မလေးရှားနဲ့ အာဖရိကနိုင်ငံတွေကို ဆန်တိုးမြှင့်တင်ပို့နိုင်ရေးအပြင် အရောင်းအဝယ်စာချုပ်တွေ ချုပ်ဆိုနိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ MRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်တန်ချိန် ၃ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားပြီး အဲဒီရည်မှန်းချက် ပြည့်မီကျော်လွန်ရေးအတွက် ပုဂ္ဂလိကကဏ္ဍက ကြိုးပမ်း ဆောင်ရွက်နေတယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013