DVB Logo
Home
မြန်မာသတင်း
မြန်မာယူ ၂၀ အသင်း ကာတာကို ဂိုးပြတ်ရှုံးနိမ့်
DVB
·
May 21, 2015
မြန်မာယူ ၂၀ အသင်း ကာတာကို ဂိုးပြတ်ရှုံးနိမ့်
Donate to DVB

ကမ္ဘာ့ဖလား ယူ ၂၀ လူငယ်ဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ ယူ ၂၀ အသင်းဟာ ကာတာ ယူ ၂၀ အသင်းနဲ့  မေလ၂၁ ရက်နေ့မွန်းလွဲပိုင်းက သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ခြေစမ်းကစားရာမှာ ၄ ဂိုး ၁ ဂိုးနဲ့  ရှုံးနိမ့်သွားပါတယ်။

ပွဲစဉ်မှာ မြန်မာအသင်းကို ကာတာအသင်းက ပွဲစကတည်းက ဖိအားပေးကစားခဲ့ပြီး ပထမပိုင်း မှာတင်ပင်နယ်တီသွင်းဂိုး အပါအဝင် ၃-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တယ်လို့ မြန်မာ ဘောလုံးအဖွဲ့ချုပ်လူမှုကွန်ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

ဒုတိယပိုင်းမှာ မြန်မာအသင်း လူစားလဲမှု အချို့အား ပြုလုပ်ခဲ့ပြီး ကာတာ အသင်း ဘက်ကိုတန်ပြန်တိုက်စစ်ဆင်ကစားခဲ့ရာမှာ ပွဲချိန် ၇၅ မိနစ်လောက်မှာ အောင်သူကြောင့် ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် နန္ဒကျော်က သွင်းယူပြီး  ချေပဂိုး ၁ ဂိုး ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ကာတာအသင်းက နောက်ထပ် ပင်နယ်တီ  ၁ ဂိုးထပ်ရပြီး ၄-၁ဂိုးနဲ့ မြန်မာ အသင်းကို အနိုင်ရသွားခဲ့တာပါ။

မြန်မာယူ ၂၀ အသင်းဟာ သြစတြေးလျ ခရီးစဉ်အတွင်း  ပထမဆုံး ခြေစမ်းပွဲအဖြစ် မဲလ်ဘုန်းစီးတီး လူငယ်အသင်းနဲ့ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ တိုက်စစ်မှူး အောင်သူရဲ့  ဟတ်ထ ရစ် သွင်းဂိုးတွေ အပါအဝင်  ၇-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013