DVB Logo
Home
မြန်မာသတင်း
ကဝမြို့နယ်တွင် မိသားစုဝင် ၄ ဦးအား သတ်ခဲ့သည့် သူရင်းငှား အပါအဝင် ၄ ဦးကို ဖမ်းမိ
DVB
·
June 9, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သင်ဘန်းကန်ကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာမှာ ဇွန် ၃ ရက်က လယ်ပိုင်ရှင်မိသားစုဝင် ၄ ယောက်ကို သတ်ခဲ့တဲ့ သူရင်းငှားနဲ့ ရွာသား ၃ ယောက်ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းမိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၃ ရက် မနက်က ရွှေဘုံသာကျေးရွာ အလယ်တန်းကျောင်းခွဲမှာ ကျောင်းတက်နေတဲ့ မောင်ဘုန်းမြတ်မင်းနဲ့ မဇင်နွယ်ဦးတို့ ကျောင်းမလာတဲ့အတွက် ဆရာမက မိသားစုဝင်တွေဆီ ဖုန်းဆက်ရာ ဖုန်းမကိုင်လို့ နေအိမ်ကို လိုက်လာရာက လူသတ်မှုကို သိရတာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“ကလေးတွေ ကျောင်းမလာလို့ ဆရာမက အိမ်ကိုဖုန်းဆက်တာ၊ ဖုန်းမကိုင်တော့ ဆရာမတွေလည်း စိတ်ပူပြီး လယ်ထဲကအိမ်ကို လိုက်လာတာ၊ အိမ်ကိုရောက်တော့ အသတ်ခံရထားတဲ့ အလောင်းတွေကြား ဒဏ်ရာတွေနဲ့ မသေဘဲ ကျန်တဲ့ ၄ နှစ်သမီးကို တွေ့လို့ ပွေ့ချီပြီး ဘေးကတဲတွေကို အကူအညီတောင်းတာ၊ မသေဘဲကျန်တဲ့ ၄ နှစ်သမီးလေးက ရန်ကုန်မှာ ဆေးကုနေရတယ်။”

သေဆုံးသူ မိသားစုဝင် ၄ ယောက်မှာ အသက် ၃၅ နှစ်အရွယ် မအေးအေးခိုင်၊ အသက် ၅၇ နှစ်အရွယ် ဒေါ်လှအုန်း၊ အသက် ၁၁ နှစ်အရွယ် မောင်ဘုန်းမြတ်မင်းနဲ့ အသက် ၈ နှစ်အရွယ် မဇင်နွယ်ဦး တို့ဖြစ်ပြီး အသက်မသေဘဲ ကျန်ခဲ့သူမှာ အသက် ၄ နှစ်အရွယ် မကေသီခိုင် ဖြစ်ကာ လူသတ်မှုဖြစ်ရာ လယ်တဲမှာ ကဝမြို့နဲ့ ၁၀ မိုင်ခန့်ဝေးပြီး ကားလမ်းမပေါက်တဲ့ နေရာတခု ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ထောင်ဦးစီးဟာ မလေးရှားနိုင်ငံမှာ အလုပ်ကိုင်ကိုင်နေတာကြောင့် နေအိမ်မှာ မိန်းမသား ၂ ယောက်နဲ့ ကလေး ၃ ယောက်သာ ရှိပြီး သတ်ဖြတ်ခံရတာလို့ ရွာခံတွေက ပြောပါတယ်။

လူသတ်မှုဖြစ်ပြီး ဇွန် ၃ ရက် ညမှာပဲ သူရင်းငှားကို စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတွေက အရင်ဖမ်းမိခဲ့ပြီး ကျန် ၃ ယောက်ကိုလည်း ရွှေဘုံသာကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့ ကဝမြို့နယ် ရဲတပ်ဖွဲ့စခန်းနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“သတ်တဲ့ ၄ ယောက်ထဲမှာ တယောက်က သူရင်းငှား၊ တယောက်က အကြွေးပေးရမဲ့သူ၊ တယောက်က အသတ်ခံရတဲ့ အမျိုးသမီးကို ဆွဲလားရမ်းလားလုပ်လို့ ရုံးမှာ ဝန်ခံကတိ ထိုးထားရတဲ့သူ၊ နောက်တယောက်က လယ်ထဲ ရေတင်တဲ့ကိစ္စနဲ့ စကားများထားတော့ ၄ ယောက်ပေါင်းပြီး အငြိုးအတေးနဲ့ သတ်တာ။”

ပြစ်မှုကျူးလွန်သူ ၄ ယောက်ဟာ ဇွန် ၁ ရက်က ရွာထဲက နာရေးအိမ်တခုမှာ အရက်စုသောက်ရင်း မအေးအေးခိုင်တို့ မိသားစုကို သတ်ဖို့ အစီအစဥ်ချခဲ့ပြီး သူရင်းငှားကို ခွေးကြည့်ဖို့ ၅ သိန်းကျပ် ပေးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ အပါအဝင် ၄ ယောက်ကို ကဝမြို့နယ် ရဲစခန်းက လူသတ်မှု၊ ထိခိုက်နာကျင်စေမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013