
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေအနေနဲ့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း ကာကွယ်ရေးတာဝန် ထမ်းဆောင်ချင်ရင် စစ်တပ်နဲ့လက်တွဲပြီး နယ်ခြားစောင့်တပ်ဖွဲ့ဖို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
နေပြည်တော်မှာ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုတဲ့ ၁၁ နှစ်မြောက် အခမ်းအနားကို တက်တဲ့ EAO ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ စစ်အာဏာရှင်က အဲဒီလိုပြောလိုက်တာပါ။
ဒါ့အပြင် နိုင်ငံရေးလုပ်ချင်ရင် ပါတီထောင်ပြီး လုပ်ဖို့နဲ့ စီးပွားရေးကိုလည်း ဥပဒေနဲ့အညီလုပ်ဖို့ စစ်အာဏာရှင်က ပြောခဲ့ပါတယ်။
စစ်အာဏာရှင်က အဲဒီလိုတွေပြောခဲ့ပေမဲ့ တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကြိုတင်သတ်မှတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာတွေ ရှိနေပါတယ်။











