
ပြည်တွင်းစက်သုံးဆီဈေးတွေ တရက်အတွင်း တလီတာကို ကျပ် ၄၀၀ ကျော် တက်သွားတယ်လို့ ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေး ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်တွင်းစက်သုံးဆီတွေဟာ နေပြည်တော်မှာ မတ် ၁၉ ရက်က 92 တလီတာကို ၃,၂၀၀ ကျပ် ဝန်းကျင် ရှိခဲ့ရာက မတ် ၂၀ ရက် အရောက်မှာတော့ ကျပ် ၃,၆၀၀ ကျော်အထိ ဖြစ်လာခဲ့တာပါ။
ဒါ့အပြင် 95 တလီတာကို ကျပ် ၃,၉၀၀ ကျော်နဲ့ ရိုးရိုးဒီဇယ် တလီတာကို ကျပ် ၄,၄၀၀ ဖြစ်လာခဲ့ပြီး ပရီမီယံဒီဇယ် တလီတာကိုတော့ နေပြည်တော်မှာ ၄,၉၀၀ ကျပ်အထိ ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့အရှေ့အလယ်ပိုင်းမှာ အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်တို့ စစ်ပွဲတွေမဖြစ်ပွားခင်က မြန်မာနိုင်ငံမှာ ဓာတ်ဆီ 92 တလီတာကို ၂,၄၀၀ ကျပ်ခန့်သာ ရှိခဲ့ရာကနေ လက်ရှိအချိန်မှာတော့ ကျပ်ငွေ ၁,၂၀၀ ကျော်ခန့်အထိ တက်လာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းမှာသုံးစွဲဖို့ စက်သုံးဆီ အလုံအလောက် ရှိနေပြီး ဈေးကတော့ ကမ္ဘာနဲ့အညီ ဖြစ်လာမယ်လို့ ပြောထားပါတယ်။










