အာဆင်နယ်အသင်းရဲ့ ၁၆ နှစ်အရွယ် လူငယ်ကစားသမား မက်စ်ဒေါင်းမန်းဟာ အစ်ပ်ဆွစ်ချ်အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ ၂ ဂိုး သွင်းယူသွားပါတယ်။ ဒီပွဲမှာ ဒေါင်းမန်းဟာ အထူးခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ပရီးမီးယားလိဂ်အသင်းအတွက် တပွဲထဲ ၂ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
ပွဲအပြီးမှာ နည်းပြ အာတေတာက ဒေါင်းမန်းဟာ အံ့ဩစရာကောင်းတဲ့ ကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၁၆ နှစ်သာ ရှိသေးတာကြောင့် ကစားသမားရဲ့ တိုးတက်မှုကို အလျင်မလိုဘဲ သတိထား ထိန်းကျောင်းရမယ်လို့ ပြောပါတယ်။
အာတေတာ အနေနဲ့ ဒေါင်းမန်းအတွက် ပွဲထွက်ခွင့် အခွင့်အရေးတွေ ဆက်လက်ပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။











