
အာဆင်နယ်အသင်းဟာ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား မက်စ်ဒေါင်းမန်းရဲ့ တိုးတက်မှု အတွက် အငှားချဖို့ လမ်းဖွင့်ထားပါတယ်။
ဒေါင်းမန်းဟာ အစ်ပ်ဆွစ်ချ်အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ ကာရာဘောင်ဖလားပွဲမှာ ၂ ဂိုး သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှားခေါ်ယူဖို့ လူတန်နည်းပြ ဂျက်ဝီးရှီးယားက စိတ်ဝင်စား နေပါတယ်။
နည်းပြ အာတေတာကတော့ ကစားသမားရဲ့ အနာဂတ်အတွက် ၆ လတကြိမ် သုံးသပ်သွားမှာဖြစ်ပြီး လောလောဆယ် အသင်းမှာ ကူညီပေးဖို့ လိုလားနေပါတယ်။
ကစားသမားတယောက် ပွဲထွက်ခွင့်ရဖို့ ကွင်းအတွင်း တိုးတက်မှု ပြသရမှာဖြစ်ကြောင်း အာတေတာ က ဆိုပါတယ်။
ဒေါင်းမန်းဟာ လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ အသက် ၁၇ နှစ် ပြည့်မှာ ဖြစ်ပါတယ်။
Photo: Reuters











