လူငယ်ကစားသမား ရီယိုငူမို လီဗာပူးအသင်းနှင့် ၃ နှစ်စာချုပ် ချုပ်ဆို
DVB
·
September 18, 2026
လီဗာပူးအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ရီယိုငူမိုဟာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၅ ရက်မှာ အသင်းနဲ့ ၃ နှစ်သက်တမ်းရှိ ကြေးစားစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဒီစာချုပ်ဟာ သူ့လို အသက်အရွယ် ကစားသမားတယောက် စာချုပ်ဆိုနိုင်တဲ့ သက်တမ်းအရှည်ဆုံး စာချုပ်လည်း ဖြစ်ပါတယ်။
စည်းမျဉ်း ကန့်သတ်ချက်တွေအရ အသက်အရွယ်အလိုက် အရှည်ဆုံး ရရှိနိုင်တဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဘက်ကလည်း ငူမိုဟာကို ရေရှည်ထိန်းသိမ်းထားဖို့ အခုလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။











