DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်၊ ကျေးရွာများပျက်စီး
DVB
·
May 18, 2015
မြင်းခြံမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်၊ ကျေးရွာများပျက်စီး
1 / 2
Donate to DVB

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မန္တလေးတိုင်း မြင်းခြံမြို့နယ် ရွှေဘုံသာရွာ တရွာလုံးနီးပါး ပျက်စီးသွားခဲ့တယ်လို့ ရွာခံ ကိုကျော်ဆန်းလွင်က ပြောပါတယ်။

မေလ ၁၇ ရက်နေ့ ညနေ ၄ နာရီကနေ ည ၈ နာရီအထိ တိုက်ခတ်ခဲ့ပြီး ရွာတွင်းရှိ အိမ် ၆ လုံး လုံးဝ ပျက်စီးသွားသလို ရွာတွင်းက အိမ်ခြေ ၆၀ လောက်အပြင် စာသင်ကျောင်းနဲ့ ဘုန်ကြီးကျောင်းတွေပါ ပျက်စီးသွားခဲ့တယ်လို့ ဦးကျော်ဆန်းလွင်က ပြောပါတယ်။

“မနေ့ကညနေ ၄ နာရီလောက်ကနေ ည ၈ နာရီအထိ လေဆင်နှာမောင်းကျတာ။ အိမ် ၆ အိမ်လောက်ပြိုတယ်။ အိမ် ၅၀ - ၆၀ လောက်ကတော့ အပေါ်က သွပ်တွေလံတယ်။ အချပ်လိုက်ပြီး ကွာကျတယ်။ အဲလိုတော့ဖြစ်တယ်။ လူတွေကတော့ ထိခိုက်သေဆုံးတော့ မရှိပါဘူး။ ဒါ့ပေမယ့် တော်တော်လေးတော့ ဒုက္ခတွေရောက်ကုန်တာပေါ့။ အိမ်ပြိုတာကလည်း ၂ ထပ်အိမ် ၂လုံး တတပ်အိမ်က ၄ လုံးပါတယ်။ အခုလောလောဆယ် သွပ်တွေဘာတွေ ပြိုသွားတာကတော့ တော်တော်များတယ်။ အပေါ်သွပ်တွေ ပါသွားတာနဲ့ ဟာလဟင်းလင်း ကျန်နေတဲ့တာနဲ့။ ဘုန်ကြီးကျောင်းက ဘုရားထီးကောက်ကုန်တယ်။ စာသင်ကျောင်းတွေလည်း ၁၆ ပေ စာသင်ကျောင်းရယ်၊ ၈ ပေ စာသင်ကျောင်းရယ် အဲဒီနှစ်ကျောင်းကလည်း တခြမ်းတွေပါကုန်တာ သွတ်တွေဘာတွေလည်း ၃ ဖာလုံလောက် လွင့်သွားတယ်။ ”

ရွှေဘုံသာရွာမှာ အိမ်ခြေ ၁၁၀ လောက်ရှိပြီး ၈၀ ရာခိုင်နှုန်း ပျက်စီးသွားတယ်လို့ ပြောပါတယ်။ ထိခိုက်သေဆုံးမှုတွေမရှိပေမယ့် တိရိစ္ဆာန်တချို့ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

ရွှေဘုံသာရွာအပြင် အနီးနားက ရွာတွေလည်း လေဆင်နှာမောင်းအဖျားခတ်တောတွေ ရှိပေမယ့် ပျက်စီးမှု မရှိဘူးလို့လည်း ဆိုပါတယ်။

လတ်တလောက်မှာတော့ အိမ်ပျက်စီးသွားတဲ့ရွာသူရွာသား အိမ်မပျက်တဲ့သူတွေဆီမှာ ခိုလုံနေထိုင်ကြရတယ်လို့လည်း ဆိုပါတယ်။

ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး မြင်းခြံမြို့နယ်မှူးနဲ့ တာဝန်ရှိသူတချို့ ဒီကနေ့မှာ သွားရောက် လေ့လာခဲ့ပြီး ပျက်စီးမှုစာရင်းကိုတင်ဖို့သာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013