DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် နေအိမ်တလုံး ၀ါယာရှော့ဖြစ်ရာမှ မီးလောင်၊ GTC ကျောင်းသူသေဆုံး
DVB
·
August 19, 2016
မြင်းခြံတွင် နေအိမ်တလုံး ၀ါယာရှော့ဖြစ်ရာမှ မီးလောင်၊ GTC ကျောင်းသူသေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြို့သစ်ရပ်ကွက် ၇ လမ်းရှိ နေအိမ်တလုံးမှာ ဒီနေ့မနက်အစောပိုင်းက လျှပ်စစ်မီးဝါယာရှော့ ဖြစ်ရာကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အဆောင်နေ GTC ကျောင်းသူ မယုဇင်မြင့် မီးလောင် သေဆုံးခဲ့ပါတယ်။

အခင်းဖြစ်ပွားပုံမှာ မြင်းခြုံမြို့နယ် ဂေါင်းကွဲကျေးရွာနေ အမျိုးသမီးအဆောင်ဖွင့်လှစ်ထားတဲ့ ဦးမြင့်ကျော် ပိုင်ဆိုင်တဲ့ နေအိမ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။

အဆောင်နေသူ မအေးအေးသက်နဲ့ မယုဇင်မြင့်တို့ ၂ ဦးသာ နေထိုင်ကြပြီး အခင်းမဖြစ်ပွားခင် လျှပ်စစ်မီးပျက်တောက်သွားကြောင်း၊ မီးပြန်လာချိန်မှာ မီးအားတွေ များရာကနေ မီးအားမြှင့်စက် အပူရှိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်းသွားခဲ့တယ်လို့ မီးလောင်ကျွမ်းခံရသူ မအေးအေးသက်က ပြောပါတယ်။

မီးလောင်ကျွမ်းချိန်မှာ မယုဇင်မြင့်ဟာ အခန်းတွင်းမှာ အိပ်ပျော်နေပြီး မီးခိုမွှန် မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မအေးအေးသက်လည်း မျက်နှာ၊ ကျောခုံး၊ လက် စတာတွေ မီးလောင်ကျွမ်းခံရပြီး မြင်းခြံပြည်သူ့ ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေပါတယ်။

မီးလောင်ကျွမ်းရာမှာ အဆောင်ရှိ လော်ဂျားမော်တော်ဆိုင်ကယ် ၂ စီးလည်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

မြင်းခြံမြို့နယ် မရိုးကုန်းကျေးရွာမှာ နေထိုင်တဲ့ သေဆုံးသူ မယုဇင်မြင့်ဟာ မြင်းခြံ နည်းပညာတက္ကသိုလ် (BE civil) နောက်ဆုံးနှစ် တက်ရောက်နေပြီး သူမကွယ်လွန်ချိန်မှာ အသက် ၂၂ နှစ် ရှိပြီလို့ သိရပါတယ်။

မြင်းခြံဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေတဲ့ မအေးအေးသက် အသက် ၃၅ နှစ်ရှိသူဟာ ဘဲလင်းနည်းပညာမြှင့်တင်ရေးကျောင်းမှ ကျောင်းဆရာမတဦးဖြစ်ပြီး မြင်းခြံ နည်းပညာ တက္ကသိုလ် (BE civil) နောက်ဆုံးနှစ် လာရောက်တက်ရောက်နေသူလည်း ဖြစ်ပါတယ်။

မီးလောင်ချိန်မှာ မီးသတ်ကား ၂ စီး လာရောက်မီးငြိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅ သိန်းဖိုး ရှိတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ခဲ့တဲ့ အိမ်ရှင် ဦးမြင့်ကျော်ကို ဖမ်းဆီးအရေးယူခဲ့ပြီး မြင်းခြံမြို့မရဲစခန်းက ပ ၂၀၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၈၅ တို့နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ရီရီထွန်း မြင်းခြံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013