DVB Logo
Home
မြန်မာသတင်း
မြင်းခြံ ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကို ငြိမ်းစုစီဥပဒေဖြင့် တရားစွဲ
DVB
·
May 10, 2018
မြင်းခြံ ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကို ငြိမ်းစုစီဥပဒေဖြင့် တရားစွဲ
Donate to DVB

ကချင်စစ်ဘေးရှောင်တွေ လွတ်မြောက်ရေးနဲ့ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် မြင်းခြံမြို့မှာ ဦးဆောင်ဆန္ဒပြခဲ့တဲ့ ဗကသကျောင်းသား ကိုစည်​သူမြတ်​ကို မြင်းခြုံမြို့မရဲစခန်းက ငြိမ်းစုစီ ဥပ​ဒေ ပုဒ်​မ (၁၉)နဲ့  မေ ၉ ရက်နေ့က တရားစွဲလိုက်ပါတယ်။

ခုလိုအမှုဖွင့်တရားစွဲရတာနဲ့ပတ်သက်ပြီး မြင်းခြံမြို့မရဲစခန်းက တာဝန်​ရှိသူတ​ဦးက "ဆန္ဒဖော်​ထုတ်​ရာမှာ သက်​ဆိုင်​ရာမြို့နယ်​ရဲတပ်​ဖွဲ့သို့ အသိ​ပေး အ​ကြောင်းကြားတာမျိုး မရှိတဲ့အတွက်​ ငြိမ်းချမ်းစွာစု​ဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်​ခြင်းဆိုင်​ရာ ဥပ​ဒေပုဒ်​မ (၁၉) နဲ့ အမှုဖွင့် အ​ရေးယူထားတာ​”လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ကချင်​စစ်​ပွဲအတွင်း ပိတ်​မိ​နေတဲ့ ​ဒေသခံတွေ ဘေးကင်း​ရေးနဲ့ စစ်​ပွဲတွေ ရပ်​တန့်​​ရေးအတွက်​ ဆု​တောင်းပွဲနဲ့ ဆန္ဒပြပွဲကို  မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ ​မေ ၆ ရက်​​က ဒေသခံ ကျောင်းသားတွေက ပြုလုပ်ခဲ့ကြတာပါ။

ဒီဆု​တောင်းပွဲနဲ့ ဆန္ဒထုတ်​​ဖော်​ပွဲကို မြင်းခြံဆန္ဒတော်​ပြည့်ဘုရားမှာ ဖ​ယောင်းတိုင်​ ထွန်းညှိကာ ဆု​တောင်းခဲ့ကြပြီး ဗိုလ်​ချုပ်​​ကြေးရုပ်​အထိ လမ်း​လျှောက်​ဆန္ဒဖော်​ထုတ်​ခဲ့တာလည်း ဖြစ်​ပါတယ်​။

ဆန္ဒပြသူတွေထဲမှ ဦး​ဆောင်​သူဖြစ်တဲ့  မြင်းခြံဒီဂရီ​ကောလိပ်​ ​ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ တတိယနှစ်​ သင်္ချာကျောင်းသား ကိုစည်​သူမြတ်​က "ကျ​နော်​တို့ ဒီမိုက​ရေစီနိုင်​ငံမှာ ခုလို ပုဒ်​မ​တွေ မရှိသင့်ဘူးလို့ထင်​တယ်​။ ဒါက ဒီမိုက​ရေစီညှဉ်းပန်းနှိပ်​စက်​မှုလို့ ကျ​နော်​တို့ သုံးသပ်​ရ လိမ့်မယ်​။ ဒီမိုက​ရေစီဆိုရင်​ လွတ်​လပ်​စွာ ဆန္ဒထုတ်​​ဖော်​ခွင့်ရှိတယ်​။ ကျ​နော်​တို့ ဒီမိုက​ရေစီပီပီ လွတ်​လပ်​စွာလှုပ်​ရှားတယ်​။ ကျ​နော်​တို့လုပ်​ရပ်​က မှန်​ကန်​တယ်​လို့ ယူဆတဲ့​အတွက်​ ဘယ်​သူ့ကိုမှ စာတင်​စရာမလိုဘူးလို့ ထင်​တယ်​။ ပြီး​တော့ ဒီအမှုနဲ့ပတ်​သတ်​ပြီး အမှုကိုဘယ်​လိုပဲဖွင့်ဖွင့် ​ရှေ့ဆက်​ပြီး လုပ်​​ဆောင်​သွားစရာရှိတာ ဆက်​လုပ်​သွားမယ်”လို့ပြောပါတယ်​။

ကချင်​ပြည်​နယ်​အတွင်း စစ်​ပွဲတွေကြောင့်  ပိတ်​မိ​နေ​တဲ့ ​ဒေသခံပြည်သူတွေ ဘေးကင်း​ရေးနဲ့ စစ်​ပွဲတွေရပ်​တန့်​​ရေးအတွက်​ ဆု​တောင်းပွဲတွေနဲ့ ဆန္ဒဖော်​ထုတ်​ပွဲတွေကို မြန်မာပြည့် မြို့အသီးသီးမှာ ပြုလုပ်ခဲ့ကြရာမှာ ဦး​ဆောင်​သူတွေ အမှုဖွင့် အ​ရေးယူ​ခံနေကြရပါတယ်​။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013