DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင်​ MPT တာဝါတိုင်​​ ဆောက်​လုပ်​မည့်ကိစ္စ ဒေသခံများ ကန့်​ကွက်
DVB
·
May 28, 2018
မြင်းခြံတွင်​ MPT တာဝါတိုင်​​ ဆောက်​လုပ်​မည့်ကိစ္စ ဒေသခံများ ကန့်​ကွက်
Donate to DVB

မန္တလေးတိုင်း​၊ မြင်းခြံမြို့၊ အမှတ်​ ၁၈ ရပ်​ကွက်​ရှိ ဝန်​ထမ်းကွက်​သစ်​ ​မြေ​နေရာမှာ Irrawaddy Green Towers ကုမ္ပဏီက MPT ဆက်​သွယ်​​ရေး တာဝါတိုင်​ တာဝန်ယူ ဆောက်လုပ်မှာကို ပွင့်​လင်းမြင်​သာမှုမရှိလို့ဆိုပြီး ရပ်​ကွက်​​နေထိုင်သူတွေက ကန့်ကွက်​နေပါတယ်။

အမှတ်​ ၁၈ ရပ်​ကွက်​နေ ကိုသက်​ “MPT ဆက်​သွယ်​​ရေး တာဝါတိုင်​နဲ့ ပတ်​သက်​ပြီး ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက ဆိုးကျိုး ၊ ကောင်းကျိုး​တွေကို ရှင်းပြတာ​တွေ မရှိခဲ့ဘူး။ ဘာမှ ပွင့်လင်းမြင်​သာမှုမရှိဘူး။ အုပ်​ချုပ်​​ရေးမှူးက ဒီနားထိစပ်​နယ်​​မြေ ဧရိယာနဲ့တကွ ရပ်​ကွက်​​နေပြည်​သူ​တွေကို MPT တာဝါတိုင်​ ​ဆောက်​ပါ့မယ်​လို့ ချပြပြောဆိုတာမျိုး မရှိဘူး။ တာဝါတိုင်​​ဆောက်​မယ့် ကုမ္ပဏီနဲ့ အုပ်​ချုပ်​​ရေးမှူး ​ပေါင်းပြီး​တော့ ဒီနားက ​ဘောင်​မဝင်​တဲ့ ကျူး​ကျော်​​တွေကို လက်​မှတ်​ထိုးခိုင်းပြီး၊ ဒီရပ်​ကွက်​မှာ တကယ့်​​ဘောင်​ဝင်​တဲ့ ပြည်​သူလူထုေ တွရဲ့ ထိစပ်​ဧရိယာကို​ တောင်းခံခြင်းမရှိခဲ့ဘူး။ ပြီး​တော့ သူလုပ်​ထားတဲ့ အရာ​တွေအတွက်​ ဘာတ​ခုမှ တာဝန်​ယူမှု တာဝန်​ခံမှုမရှိဘူး”လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

အုပ်​ချုပ်​​ရေးမှူးအနေနဲ့  မိမိရရှိထား​တဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး တာဝါတိုင် ဆောက်လုပ်ခွင့်ပြုလိုက်တာလို့လည်း ရပ်ကွက်နေသူတွေက ဝေဖန်​ပြောကြားပါတယ်။

အမှတ်​ ၁၈ ရပ်​ကွပ်​ အုပ်​ချုပ်​​ရေးမှူး ဦးသိန်းလွင်​ကတော့  “မြို့နယ်​နဲ့ စည်​ပင်​သာယာက ​ဆောက်​လုပ်​ခွင့်ပြု​ပေးထားတာ ဆို​တော့ ကျ​နော့်​အ​နေနဲ့ ခွင့်ပြုရတာပါ။ တိုင်း​ဒေသကြီး အစိုးရအဖွဲ့ကလည်း ​ဖြေ​လျော့ထားတာ​တွေ ရှိတယ်​။ ပြီး​တော့ ဒီတာဝါတိုင်​နဲ့ပတ်​သက်ပြီး ကျန်းမာ​ရေးထိခိုက်​မှာ မစိုးရိမ်​ရပါဘူး။ အထက်​က စီစဉ်​တဲ့အတိုင်းေ​​ဆာင်​ရွက်​သွားမှာပါ” လို့ ​ပြောပါတယ်​။

ဒါ့အပြင် မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးညီညီ​အောင်​ကလည်း  “ကန့်​ကွက်​​နေတာက နှစ်ဦးပဲရှိတာ။ သက်​ဆိုင်​ရာ ပတ်​ဝန်းကျင်​အားလုံးက သ​ဘောတူတယ်​၊ ​ထောက်​ခံတယ်​၊ ပြီး​တော့ စည်​ပင်​သာယာက ခွင့်ပြုတဲ့ သ​ဘောထားနဲ့အညီ ကျ​နော်​တို့ မြို့နယ်​ကပါ ခွင့်ပြု​ပေးခဲ့တာပါ”လို့ ပြောပါတယ်။

မြို့နယ်တွေမှာ​ မြို့နယ်​စည်​ပင်​သာယာ​ရေး နယ်​နိမိတ်​အတွင်း ဆက်​သွယ်​​ရေး တာဝါတိုင်​တွေ စိုက်​ထူခွင့် တင်​ပြလာတာနဲ့ပတ်​သက်​ပြီး အ​ဆောက်​အဦ ​ဆောက်​လုပ်​ခွင့်လိုပဲ ပတ်​ဝန်းကျင်​ ထောက်​ခံချက်​တွေ ​တောင်းခံဖို့ မလို​ကြောင်း ၂၀၁၇ ဒီဇင်ဘာ ၃၀ရက်က  ပြုလုပ်တဲ့ စည်​ပင်​သာယာ​ရေးဝန်​ကြီးဌာန စီမံခန့်​ခွဲမှုအစည်းအ​ဝေးမှာ ဝန်​ကြီးက ​ဖြေ​လျော့​ပေးခဲ့ ပါတယ်​။

MPT ဆက်​သွယ်​​ရေးတာဝါတိုင်​ တည်​​ဆောက်​မှုနဲ့ ပတ်​သက်​ပြီး သက်​ဆိုင်​ရာဌာန အသီးသီးက ပွင့်လင်းမြင်​သာမှုမရှိတဲ့အတွက်​ ရပ်​ကွက်​​နေပြည်​သူတွေက ဆက်​ပြီး ကန့်​ကွက်​သွားမှာဖြစ်​ပြီး ဆက်​လက်​လုပ်​​ဆောင်​ပါက နိုင်​ငံ​တော်​အတိုင်​ပင်​ခံနဲ့ သမ္မတဆီကို စာတင်​ပြီး ကန့်​ကွက်​မယ်လို့ ပြောပါတယ်​။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013