DVB Logo
Home
နိုင်ငံတကာ
ဟယ်ရီနှင့် မီဂန် တော်ဝင်တာဝန် မရှိဟု ချားလ်စ်ဘုရင် ရှင်းလင်း
DVB
·
September 8, 2026
Photo: REUTERS/Toby Melville
Photo: REUTERS/Toby Melville
Donate to DVB

ဗြိတိန်ကို ပြန်ပြောင်းလာတဲ့ မင်းသား ဟယ်ရီနဲ့ မီဂန် မာကယ်တို့ဟာ တော်ဝင်မိသားစုကိုယ်စား တရားဝင်တာဝန်တွေ ထမ်းဆောင်မှာမဟုတ်ကြောင်း တတိယမြောက် ချားလ်စ်ဘုရင်က ရှင်းလင်းလိုက်ပါတယ်။

ဘုရင်ကိုယ်စား နန်းတော်အကြီးတန်းအရာရှိက ပေးပို့တဲ့ ဒီစာကို စက်တင်ဘာ ၇ ရက်မှာ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။

ဟယ်ရီနဲ့ မီဂန်တို့ဟာ သား အာချီ၊ သမီး လီလီဘက်တို့နဲ့အတူ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဩဂုတ်လမှာ ပြန်ပြောင်းလာခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာ တော်ဝင်တာဝန်တွေကနေ နုတ်ထွက်ချိန်က သဘောတူညီချက်ဟာ ဆက်လက်အကျုံးဝင်နေပါတယ်။

အဲဒီသဘောတူညီချက်အရ ကိုယ်ပိုင်စီးပွားရေးလုပ်ရင်း တော်ဝင်တာဝန်တွေကို တစိတ်တပိုင်း ထမ်းဆောင်ခွင့်မရှိပါဘူး။

သူတို့ဟာ “His Royal Highness” နဲ့ “Her Royal Highness” ဆိုတဲ့ တော်ဝင်ဂုဏ်ပုဒ်တွေကို ဆက်ပြီး အသုံးပြုခွင့်မရှိဘဲ “သာမန်နိုင်ငံသားတွေ” အဖြစ်သာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဟယ်ရီနဲ့ မီဂန်တို့ရဲ့ ဆပ်ဆက်စ်မြို့စားနဲ့ မြို့စားကတော်ဘွဲ့တွေကတော့ ဆက်ရှိနေပါတယ်။

“သူတို့နှစ်ဦးရဲ့ ပရဟိတလုပ်ငန်းတွေဟာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ စာမှာ ဖော်ပြထားပါတယ်။

သူတို့ကို ဧည့်ခံရာမှာ  ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲရေးဆိုင်ရာ မေးခွန်းတွေကို ဘက်ကင်ဟမ်နန်းတော်ဆီ မေးမြန်းဖို့လည်း ညွှန်ကြားထားပါတယ်။

ဗြိတိန်မှာ ဟယ်ရီတို့ကို ရဲတပ်ဖွဲ့က လုံခြုံရေးပေးမဲ့ကိစ္စကတော့ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာကိစ္စတွေကို သက်ဆိုင်ရာ ရဲအာဏာပိုင်တွေဆီ ဆက်သွယ်ဖို့ စာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013