DVB Logo
Home
မြန်မာသတင်း
ကိုရီးယားတွင် မြန်မာအလုပ်သမား ၁ ဦး မြေတင်စက်ညှပ်မိပြီး အသက်ဆုံးရှုံး
DVB
·
July 1, 2026
Photo: Zaw Moe Aung
Photo: Zaw Moe Aung
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၃၇ နှစ်အရွယ် မြန်မာအလုပ်သမားတယောက် ဇူလိုင် ၁ ရက်က လုပ်ငန်းခွင်အတွင်း မြေတင်စက်နဲ့ညှပ်မိပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ အဲဒီနိုင်ငံရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။

ချွန်ချောင်းတောင်ပိုင်းပြည်နယ် (ချွန်နမ်) အာဆန်မြို့ လိုဏ်ခေါင်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ညနေ ၆ နာရီလောက်က မြေတင်စက်ညှပ်မိခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူမှာ မြောက်ဥက္ကလာပမြို့နယ်ကနေ လာရောက်လုပ်ကိုင်တဲ့ ကိုအောင်မင်းဦးဖြစ်ပြီး ဇနီးနဲ့ သား၊ သမီး ၃ ယောက် ကျန်ရစ်ခဲ့တယ်လို့ တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က အသိပေးထားပါတယ်။

အခုလို ကိုအောင်မင်းဦး ရုတ်တရက် အသက်ဆုံးရူံးခဲ့ရတာနဲ့ပတ်သက်ပြီး လိုဏ်ခေါင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကိုရီးယားရဲဝန်ထမ်းတွေနဲ့ အလုပ်သမားရေးရာဝန်ထမ်းတွေ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဇွန် ၁၈ ရက်ကလည်း အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုသန့်ဇင်ဦးဟာ လုပ်ငန်းခွင်မှာ သံစည်ပိုင်းကို တိုက်ချွတ်၊ သန့်ရှင်းရေး လုပ်နေစဥ် မီးပွားထွက်ရာကနေ မီးထလောင်ခဲ့ပြီး အသက်ဆုံးရူံးခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်အပြီး မကြာခင် နောက်ထပ် မြန်မာအလုပ်သမားတယောက် လုပ်ငန်းခွင်မှာ အသက်ဆုံးရူံးရတာဖြစ်သလို အရင်လည်း ထိခိုက်၊ အသက်ဆုံးမှုတွေ ရှိခဲ့တာကြောင့် သတိထားလုပ်ကိုင်ဖို့ မြန်မာလုပ်သားအချင်းချင်း သတိပေးလှုံ့ဆော်နေကြပါတယ်။ 

Photo: Zaw Moe Aung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013