DVB Logo
Home
နိုင်ငံတကာ
ဘူလ်ဂေးရီးယား လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှု စုံစမ်းစစ်ဆေးနေ
DVB
·
September 13, 2026
Photo: Stringer/via REUTERS
Photo: Stringer/via REUTERS
Donate to DVB

ဘူလ်ဂေးရီးယားနိုင်ငံမှာ EMCO ကုမ္ပဏီက လည်ပတ်လုပ်ကိုင်နေတဲ့ လက်နက်သိုလှောင်ရုံတခုမှာ ပေါက်ကွဲ မီးလောင်ခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ 

စုံစမ်းစစ်ဆေးမှုအတွင်း မီးရှို့ဖျက်ဆီးမှု ဖြစ်နိုင်ခြေနဲ့ ဩဂုတ်လအတွင်း ဒီကုမ္ပဏီရဲ့ တခြားသိုလှောင်ရုံတခုမှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုနဲ့ ဆက်စပ်နိုင်ခြေတွေကို စုံစမ်းစစ်ဆေးနေပြီး မီးလောင်မှုကိုလည်း ထိန်းချုပ်နိုင်ပြီလို့ ပြည်ထဲရေးဝန်ကြီး အိုင်ဗန် ဒီမာ့ဒ်ဇိုင်းယိဗ်က စက်တင်ဘာ ၁၂ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

လက်နက်ခဲယမ်း သိုလှောင်ရာနေရာမှာဖြစ်တဲ့ ဒုတိယမြောက် မီးလောင်ကျွမ်းမှုဖြစ်ပြီး ဇာရေဗာ လီဗာဒါ ရွာနားမှာ စလောင်တဲ့ ဒီမီးကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း မီဒီယာတွေက ပြောပါတယ်။ 

EMCO ကုမ္ပဏီကို ဘူလ်ဂေးရီးယား လက်နက်ကုန်သည် အီမီလန် ဂျီဘရက်ဗ်က ဦးစီးလုပ်ကိုင်နေပြီး၊ လုပ်ငန်းနေရာတွေကို ရုရှားအေးဂျင့်တွေက တိုက်ခိုက်ရာမှာ ပစ်မှတ်ထားခံခဲ့ရတယ်လို့ ဘူလ်ဂေးရီးယား အစိုးရရှေ့နေတွေက အရင်က စွပ်စွဲပြောဆိုထားဖူးပါတယ်။ 

၂၀၁၁ ကနေ ၂၀၂၀ ခုနှစ်အတွင်း ယူကရိန်းနဲ့ ဂျော်ဂျီယာနိုင်ငံတွေဆီ တင်ပို့ဖို့ ရည်ရွယ်ထားတဲ့ လက်နက်ခဲယမ်းတွေကို သိုလှောင်ထားတဲ့ EMCO ရဲ့ လက်နက်သိုလှောင်ရုံတွေ ဖျက်ဆီးခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရတဲ့ ရုရှားနိုင်ငံသား ၆ ယောက်ကို ဘူလ်ဂေးရီးယားနိုင်ငံက ၂၀၂၄ ခုနှစ်မှာ ဖမ်းဝရမ်းထုတ်ခဲ့ဖူးပါတယ်။ 

ဘူလ်ဂေးရီးယားနိုင်ငံအတွင်း ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေ၊ ၂၀၁၅ ခုနှစ်မှာ လက်နက်ကုန်သည် အီမီလန် ဂျီဘရက်ဗ်ကို အဆိပ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းမှုနဲ့ ၂၀၁၄ ခုနှစ်မှာ ချက်သမ္မတနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုတွေအကြား ဆက်စပ်နိုင်တဲ့ သံသယဖြစ်စရာ အကြောင်းရင်းတွေ ရှိတယ်လို့လည်း အဲ့ဒီအချိန်က အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။ 

ရုရှားအစိုးရဘက်က စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013