DVB Logo
Home
နိုင်ငံတကာ
ဘူလ်ဂေးရီးယားက တိုက်ခိုက်ရေးယာဉ် ၁၈၃ စီး လက်ခံရရှိ
DVB
·
November 4, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဘူလ်ဂေးရီးယားနိုင်ငံဟာ စထရိုက်ကာ တိုက်ခိုက်ရေးယာဉ် ၁၈၃ စီး လက်ခံရရှိတော့မှာဖြစ်ပြီး ပထမဆုံးအသုတ် ယာဉ်တွေကို နိုဝင်ဘာ ၃ ရက်က ဗဲလီကို တာနိုဗိုမြို့ရှိ TEREM စစ်ဘက်ဆိုင်ရာ စက်ရုံမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ မိတ်ဆက် ပြသခဲ့ပါတယ်။

ဘူလ်ဂေးရီးယား ကာကွယ်ရေးဝန်ကြီး ဒီမီတာ စတိုယာနော့ဗ်က “ဒီစစ်လက်နက်ပစ္စည်းအသစ်တွေဟာ ကြည်းတပ်ဖွဲ့တွေရဲ့ ရွေ့လျားနိုင်စွမ်း၊ အကာအကွယ် ပေးနိုင်မှုနဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို သိသိသာသာ တိုးတက်စေမှာဖြစ်သလို NATO မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန၊ ဥရောပလုံခြုံရေးနှင့် နိုင်ငံရေးရာဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဘေကာကလည်း ပင်လယ်နက်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ထောက်ပြပြီး ဘူလ်ဂေးရီးယားရဲ့ ကာကွယ်ရေးစွမ်းရည်ကို အားကောင်းလာအောင် လုပ်ဆောင်ဖို့ အရေးကြီးကြောင်း အလေးပေး ပြောပါတယ်။

လွန်ခဲ့တဲ့လက NATO အဖွဲ့ဝင် ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားနိုင်ငံတို့အနီး ကုန်တင်သင်္ဘောတွေ ၇ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးနောက် အမေရိကန် ဦးဆောင်တဲ့ ဒီစစ်မဟာမိတ်အဖွဲ့ဟာ ပင်လယ်နက် အရှေ့ဘက်ခြမ်းကို အားဖြည့်ဖို့အတွက် ရေကြောင်းကင်းလှည့် လေယာဉ်တွေ၊ ရေဒါတွေနဲ့ ဒရုန်းတွေကို ဖြန့်ကြက်ချထားမယ်လို့ ကြေညာခဲ့ပါတယ်။

နောက် ၃ ရက်အကြာ အောက်တိုဘာ ၂၃ ရက်မှာတော့ ရိုမေးနီးယား ရေပိုင်နက် အပြင်ဘက်နားမှာ နောက်ထပ် သင်္ဘောတစင်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့အပတ်ကလည်း ဘူလ်ဂေးရီးယားရဲ့ သီးသန့် စီးပွားရေးဇုန်အတွင်းမှာ ဂရိ ကွန်တိန်နာတင် သင်္ဘောတစင်းဟာ ရေတပ်သုံး ဒရုန်းတွေရဲ့ တိုက်ခိုက်မှုကြောင့် နစ်မြုပ်ခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013