
အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ သားဖြစ်သူ ရော်နယ်ဒိုဂျူနီယာနဲ့အတူ ပရော်ဖက်ရှင်နယ် ပွဲစဉ်မှာ တွဲဖက်ကစားနိုင်ဖို့ နီးစပ်နေပါတယ်။
အယ်လ်နာဆာအသင်းဟာ အသက် ၁၆ နှစ်အရွယ် ရော်နယ်ဒိုဂျူနီယာကို လာမဲ့ရာသီမှာ စီနီယာ အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ဖို့ စီစဉ်နေတယ်လို သတင်းထွက်လာတာပါ။
ရော်နယ်ဒိုဟာ သားဖြစ်သူနဲ့ အတူကစားချင်တဲ့ ဆန္ဒရှိနေပြီး အခုလို အသင်းကြီးဆီ မြှင့်တင်ပေးဖို့ ပြင်ဆင်လာတာဟာ သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။
ရော်နယ်ဒိုဂျူနီယာဟာ လက်ရှိမှာ အယ်လ်နာဆာအကယ်ဒမီနဲ့ ပေါ်တူဂီလူငယ်အသင်းတွေမှာ တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေပါတယ်။
Photo: Reuters










