
တရုတ်သမ္မတရှီကျင့်ဖျင်ဟာ အလုပ်ကို အာရုံစိုက်သူလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပြီး သူက ဟော်မုဇ်ရေလက်ကြားဖွင့်ဖို့ သဘောတူညီချက်ကို မြင်ချင်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ သဘောတူညီချက်ရဖို့ အီရန်ကို တရုတ်က ဖိအားပေးဖို့ စိတ်ဝင်စားတယ်လို့လည်း ပြောပါတယ်။
မေ ၁၄ ရက်က Fox News ရဲ့ အင်တာဗျူးမှာ ရှီဟာ လက်တွေ့ကျတဲ့ ခေါင်းဆောင် တယောက် အဖြစ် ထရမ့်ပ်က ပြောခဲ့တယ်လို့ ထုတ်လွှင့်ခဲ့ပါတယ်။
အဲ့ဒီအင်တာဗျူးမှာ ရှီဟာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့နဲ့ အီရန်နဲ့သဘောတူညီမှုရဖို့ကိုလည်း မြင်တွေ့ချင်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်နဲ့ အီရန် တင်းမာမှုတွေရှိနေရင်တောင် တရုတ်က ကြားဝင်ဖြေရှင်းပေးမယ်လို့ ကမ်းလှမ်းမှုတောင်ရှိတယ်လို့လည်း ပြောပါတယ်။
အီရန်နဲ့ အမေရိကန်တို့ဟာ အပစ်အခတ်ရပ်စဲထားပေမဲ့ သူတို့ရဲ့ အပစ်ရပ်မှုက ခိုင်ခံမှု မရှိဘဲ သဘောတူညီမှု ရဖို့တောင် ဝေးကွာနေဆဲဖြစ်ပါတယ်။
အီရန်နဲ့ပတ်သက်ပြီး သည်းခံနိုင်မှုက အကန့်အသတ်ရှိတယ်လို့တော့ ထရမ့်ပ်က အထပ်ထပ် ပြောထားပါတယ်။
ဒါ့အပြင် သဘောတူညီချက်ရဖို့ အီရန်ခေါင်းဆောင်တွေ အမြန်ဆုံး ဆုံးဖြတ်ဖို့ တိုက်တွန်းထားပြီး နှောင့်နှေးမှုတွေဖြစ်ပါက သည်းခံမှာ မဟုတ်ကြောင်းလည်း ထရမ့်ပ်က ပြောထားပါတယ်။
ထရမ့်ပ်ရဲ့ အင်တာဗျူးမှာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအလားအလာကို အာရုံစိုက်ပြောဆိုခဲ့ ပါတယ်။
တရုတ်နိုင်ငံဟာ ဘိုးရင်းလေယာဉ်တွေအပါအဝင် အမေရိကန်ထွက်ကုန်တွေ ဝယ်ယူဖို့ ကတိပြုခဲ့ တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
အမေရိကန်ရဲ့ ပဲပုပ်၊ လောင်စာဆီတို့လည်း ဝယ်ယူဖို့ အလားအလာရှိတယ်လို့ ပြောတာပါ။ ထရမ့်ပ်က တရုတ်ဟာ အမေရိကန်လုပ်ငန်းတွေအပေါ်ကို စီးပွားရေးဆိုင်ရာတွေ တဖြည်းဖြည်း ဖွင့်ပေးဖို့ အကြံပြုထားပြီး သူကလည်း ဗီဇာလို ငွေပေးချမှုအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီ တွေကို ဖြေ လျှော့မှုတွေ တိုးမြှင့်လာဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။
Source:Reuters










