
ဟော်မုဇ်ရေလက်ကြားရှိ ရေနံတင်သင်္ဘောတစင်းကို ဖောက်ခွဲရေးပစ္စည်း ၂ ခု တပ်ဆင်ထားတဲ့ လှေငယ်တစင်းက ဝင်တိုက်လိုက်တာကြောင့် ရေနံတင်သင်္ဘောရဲ့ အင်ဂျင်ခန်းအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး သင်္ဘောစက်ခန်း မီးလောင်ကာ ခဏတာ စက်ရပ်သွားခဲ့တယ်လို့ ဗြိတိန် ရေကြောင်းကုန်သွယ်မှု စိစစ်ရေးအဖွဲ့ (UKMTO) က အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။
သင်္ဘောသားတွေ ဘေးကင်းလုံခြုံပြီး၊ ပတ်ဝန်းကျင် ထိခိုက်မှုလည်း မရှိခဲ့ပဲ မီးကို ငြိမ်းသတ် နိုင်ခဲ့ကြောင်းနဲ့ သင်္ဘောဟာ နောက်သွားရမဲ့ ဆိပ်ကမ်းဆီ ဆက်သွားနေပြီလို့ UKMTO က အသိပေးထားပါတယ်။
ဒီဖြစ်စဉ်ဟာ အောက်တိုဘာ ၂၉ ရက်က အိုမန်နိုင်ငံ၊ ခါဆက်ဘ်မြို့ရဲ့ အရှေ့မြောက်ဘက် ရေမိုင် ၂၅ မိုင်အကွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။
Source:Reuters











