အီရန်လွှတ်တော်၊ အမျိုးသားလုံခြုံရေး ကော်မရှင်ဟာ ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်တဲ့ အစီအစဉ်တခုကို ကျွမ်းကျင်သူတွေက ပြန်သုံးသပ်ပြီးစီးခဲ့ပြီး သက်ဆိုင်ရာ ရေလမ်းကြောင်းတွေနဲ့ ပတ်သက်လို့ ကမ်းရိုးတန်းနိုင်ငံ ၂ နိုင်ငံနဲ့ သဘောတူညီချက်ရထားပြီလို့ ကော်မရှင်ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဟာဆန်ဂါရှ်ဂါဗီကို ကိုးကားပြီး အီရန်အခြေစိုက် တက်စ်နင်မ် သတင်းဌာနက ဖော်ပြပါတယ်။
အီရန်အစိုးရဟာ အိုမန်နိုင်ငံ မက်စ်ကတ်မြို့မှာ ဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ပြီး သဘောတူထားတဲ့ ရေလမ်းကြောင်းတွေကို ယာယီအားဖြင့် အကောင်အထည်ဖော်မှာဖြစ်ပြီး အမြဲတမ်းအစီအစဉ်တခု ဖြစ်လာမယ်လို့လည်း သူက ပြောပါတယ်။
ကော်မရှင်ဟာ ကျွမ်းကျင်သူတွေရဲ့ ပြန်လှန်သုံးသပ်မှုကို အပြီးသတ်လို့ ပြီးစီးပြီဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်ဖို့ အစီအစဉ်ကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။
အီရန်ဟာ ရန်လိုမှုတစုံတရာ မလုပ်ခဲ့ဘဲ အခုတော့ ခုခံကာကွယ်တဲ့ အနေအထားမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။
နိုင်ငံတကာဥပဒေအရ အီရန်ဟာ ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ ၂ ခုလုံးမှာ စစ်ပွဲအခြေအနေမှာ ရှိနေတယ်လို့ ဂါရှ်ဂါဗီက ပြောပါတယ်။
Source: Reuters











