ဟော်မုဇ်တွင် ရေအောက်မိုင်းထိပြီး ရေနံတင်သင်္ဘော ၃ စင်း မီးလောင်
ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်မှာ ရေအောက်မိုင်းတွေကို တိုက်မိပြီးတဲ့နောက် ရေနံတင်သင်္ဘော ၃ စင်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အီရန်စစ်တပ်က နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် သင်္ဘောတွေဟာ အီရန်ရဲ့ ရေကြောင်းသွားလာမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့အကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း IRINN က ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း တခြားရေနံတင်သင်္ဘောတချို့လည်း ရေအောက်မိုင်းတွေကို တိုက်မိပြီးတဲ့နောက် မီးလောင်ခဲ့တယ်လို့ အီရန်စစ်တပ်က အစီရင်ခံထားပါတယ်။
အီရန်နိုင်ငံဟာ မဟာဗျူဟာမြောက် ရေလမ်းကြောင်းတခုဖြစ်တဲ့ နေရာအပေါ် ထိန်းချုပ်မှုကို ခိုင်မာစေဖို့နဲ့ အမေရိကန်အပေါ် ဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းချင်တဲ့ သင်္ဘောတွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားပြီး ဒီကန့်သတ်ချက်တွေကို ချိုးဖောက်တယ်လို့ ယူဆရတဲ့ သင်္ဘောတွေကို တိုက်ခိုက်ခဲ့ပါတယ်။
Source: Reuters











