DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူ ကျားဖြန့်သွားမည့် တရုတ်နှင့် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
March 19, 2026
Photo: Kanchanaburi News
Photo: Kanchanaburi News
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီ သွားကြမဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသား ၁၀‌ ယောက်ကို ကန်ချနဘူရီခရိုင်ထဲက ငှားရမ်းထားတဲ့ အိမ်တလုံးထဲမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ််းဆီးနိုင်ခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က မတ် ၁၈ ရက်မှာ ကဲန်ဆီယန်ရပ်ကွက်ထဲက တထပ်အိမ်တလုံးကို ဝင်ရောက်စီးနင်းခဲ့ချိန််မှာ အခန်း ၂ ခန်းအတွင်း တရုတ်အမျိုးသား ၆ ယောက်၊ တရုတ်အမျိုးသမီးတယောက်နဲ့ မြန်မာအမျိုးသား ၃ ယောက်တို့ကို တွေ့ရှိခဲ့တာဖြစ်ကြောင်း ကန်ချနဘူရီ လဝက ရဲမှူးကြီး ကွန်ဆုန်ခါနေးက ပြောပါတယ်။

သူတို့အားလုံးမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား၊ ဒါမှမဟုတ် လူဝင်မှုကြီးကြပ်ရေးစာရွက်စာတမ်းတွေ မပြသနိုင်ခဲ့ကြဘဲ စစ်ဆေးချက်တွေအရ တရုတ်နိုင်ငံသား ၇ ယောက်လုံးဟာ ထိုင်းနိုင်ငံဆီ တရားဝင်လမ်းကြောင်းကနေ ဝင်ရောက်တာ၊ ထွက်ခွာတာ စတဲ့ မှတ်တမ်းတွေ မရှိကြောင်း တွေ့ရှိရတယ်လို့ ဆို ပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါ သံသယရှိသူတရုတ်နိုင်ငံသားတွေဟာ ထိုင်းနဲ့ နယ်စပ် ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတခုမှာ အလုပ်လုပ်ကိုင်ခဲ့ကြကြောင်း ဝန်ခံခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယားအာဏာပိုင်တွေက ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အရှိန်အဟုန်မြှင့် နှိမ်နင်းလာတာကြောင့် သူတို့ဟာ ပွိုင်ပက်မြို့ကနေ ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ညအချိန် သဘာဝနယ်စပ်လမ်းကြောင်းတွေကတဆင့် ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း မရောက်ခင် တောထဲမှာ ၃ ရက်လောက် ပုန်းအောင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဆိုပါအဖွဲ့ကိုတော့ တရုတ်နဲ့ မြန်မာအပေါင်းအပါတွေက ကူညီပံ့ပိုးပေးခဲ့ပြီး ကားတွေနဲ့ အဆင့်ဆင့် ပို့ဆောင်ပေးခဲ့တာဖြစ်ကာ သူတို့ရဲ့ နောက်ဆုံးခရီးက ကန်ချနဘူရီခရိုင်၊ ဘုရားသုံးဆူတောင်ကြားအနီးကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ ဖြစ်ကြောင်း ရဲမှူးကြီး ကွန်က ပြောပါတယ်။

မြန်မာအာဏာပိုင်တွေက တာ့ခ်ခရိုင်နဲ့ မျက်နှာချင်းဆိုင် မြဝတီမြို့ဘက်ခြမ်းက ကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ဘုရားသုံးဆူမြို့ဘက်မှာ အဆိုပါလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာခဲ့တာဖြစ်ပြီး သူတို့ဟာ နယ်စပ်ဖြတ်ကျော်ပြီးတာနဲ့ အဲဒီမြို့ကို ပို့ဆောင်ခံရမှာ ဖြစ်ပါတယ်။

သူတို့ နေထိုင်ရာ အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာတော့ အဆိုပါအဖွဲ့ဟာ လာကြိုမယ့်သူကို စောင့်ဆိုင်းနေကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသား ၃ ယောက်ကတော့ ပွိုင်ပက်အခြေစိုက်စခန်းမှာ တရုတ်အဖွဲ့ကို ကူညီပေးနေတဲ့ အလုပ်သမားတွေဖြစ်ပြီး မတ် ၁၃ ရက်မှာပဲ သူတို့နဲ့အတူ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြတာဖြစ်ကြောင်း ရဲမှူးကြီးကွန် က ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရသူ ၁၀ ယောက်ကို နောက်ထပ် ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ ကန်ချနဘူရီ ရဲစခန်းဆီ လွှဲပြောင်းပေးအပ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သိပ်မကြာသေးခင် သီတင်းပတ်တွေအတွင်းကလည်း ကန်ချနဘူရီ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့အနေနဲ့ ခုလိုသွားလာရေးနဲ့ နေထိုင်ရေးအတွက် စီစဉ်ပေးသူတွေကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုလေ့ရှိသလို တချို့ကတော့ ခြိမ်းခြောက်စေခိုင်းခံရတာ ဆိုပြီး ထွက်ဆိုကြတယ်လို့ ဆိုပါတယ်။

Source: Bangkok Post 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013