
ချဲလ်ဆီးအသင်းဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာပဲ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဇာဘီအလွန်ဆိုနဲ့ အလုံးစုံ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
လေဗာကူဆင်နဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း အလွန်ဆိုဟာ ချဲလ်ဆီးနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး လာမဲ့ ဇူလိုင် ၁ ရက်ကစတင်ကာ အပြောင်းအရွှေ့ကိစ္စတွေမှာပါ လုပ်ပိုင်ခွင့်ပိုရမဲ့ ‘မန်နေဂျာ’အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ချဲလ်ဆီးဟာ အဆင့် ၉ နေရာမှာ ရှိနေပြီး ဥရောပဝင်ခွင့်ရဖို့ ရာသီပိတ်ပွဲတွေမှာ ဆက်လက်ရုန်းကန်ရဦးမှာပါ။
အသက် ၄၄ နှစ်အရွယ် အလွန်ဆိုဟာ လန်ဒန်မှာ လူချင်းတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ကစားသမားတွေကလည်း သူ ရောက်လာမဲ့အပေါ် စိတ်လှုပ်ရှားနေကြပါတယ်။











